စကစကျောင်းဝန်းထဲမှာ ကျောင်းသားအုပ်စုလိုက် ရန်ပွဲကြီး ထပ်မံဖြစ်ပွား (ဖြစ်ချင်တိုင်း ဖြစ်နေကြပါပြီ)

News

ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ပြည်မြို့ ၊ အမှတ်(၁) အထက်တန်းကျောင်းဝန်းထဲမှာ ယနေ့ဇွန်လ ၁၅ ရက်နေ့ မှာ ကျောင်းသားတွေ အုပ်စုလိုက် ရန်ဖြစ်မှု ဖြစ်ပွားခဲ့တယ်လို့ ကျောင်းသားမိဘတွေထံက သိရပါတယ်။

ထမင်းစားကျောင်းဆင်းချိန် နေ့လည် ၁၂ နာရီကျော် ခန့်ကျောင်းဝန်းထဲမှာပဲ ၉ တန်းကျောင်းသားတွေနဲ့ ၈ တန်းကျောင်းသားတွေ အုပ်စုဖွဲ့ ပြီး ရန်ဖြစ်ကြတာလို့ ပြောပါတယ်။ “ကိုးတန်းကျောင်းသားက ၇ ယောက်လောက်နဲ့ ရှစ်တန်းကျောင်းသား ၂၀ လောက် အုပ်စုဖွဲ့ရန်ဖြစ် ကြတာ ကိုးတန်းကျောင်းသားတွေတော့ ဒဏ်ရာတွေရကြတယ်” လို့ ကျောင်းသားမိဘတဦးကပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဒဏ်ရာရတဲ့ကျောင်းသားအခြေအနေနဲ့ မိဘတွေကို ရုံးခန်းခေါ်ယူတွေ့ဆုံတာမျိုး အသေးစိပ်ကို သိရှိရခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

မကြာသေးခင်ကလည်း စာသင်ခန်းထဲမှာ ကျောင်းသား ၁ ဦးကို ကျောင်းသား ၁၀ ယောက်ခန့်ရှိတဲ့ အဖွဲ့က မေးမြန်းပြီး အုပ်စုလိုက် အနိုင်ကျင့်နေတဲ့ ဗီဒီယိုဖိုဒ်တခု အွန်လိုင်းပေါ်မှာ ပျံ့နှံခဲ့ပြီး ဝေဖန်မှုတွေမြင့်တက်လာခဲ့ပါတယ်။

ပုံမှန်ဆိုရင်တော့ ကျောင်းအတွင်းမှာ ခိုက်ရန်ဖြစ်ပွားရင် ရန်ဖြစ်တဲ့ ကျောင်းသားတွေကို ကျောင်းနားတာ၊ ကျောင်းထုတ်တာတွေ ရှိပေမယ့် လက်ရှိအချိန်မှာ စကစအနေနဲ့ ရုပ်ပြ ကျောင်းတက်သူဦးရေ လျော့ကျသွားမှာ စိုးရိမ်တာကြောင့် အရေးယူမှုတွေ မလုပ်ခိုင်းဘူးလို့ သိရပါတယ်။

စကစကျောင်းတချို့မှာ ကလေးတွေကို ဖုန်းသုံးခွင့် ပေးထားကြောင်း၊ ဆရာမတွေက အစည်းအဝေးဆိုပြီး ကျောင်းလွှတ်ချိန်ထက် အများကြီး ပိုစောပြီး ကျောင်းလွှတ်ပေးကြောင်း၊ မူလတန်း ကလေးများကို Grade 1, 2 အတန်းမခွဲဘဲ အကုန်ပေါင်းသင်နေကြောင်း၊ ဆရာမတွေကလည်း ကျူရှင်ဖွင့်ပြီး တနှစ်လုံးစာ ငွေကောက်ဖို့ကိုသာ အာရုံစိုက်နေကြောင်း ကျောင်းသားမိဘတဦးက ပြောပါတယ်။

ရန်ဖြစ်တဲ့ ကျောင်းသားတွေကို မည်သည့် အရေးယူမှုမှာ မလုပ်ဘဲ ထားရင် ကျောင်းဝင်းထဲမှာ အရုပ်ဆိုး အကျည်းတန်တဲ့ ရန်ပွဲတွေ ဆက်လက် ဖြစ်ပေါ်လာလိမ့်မယ်လို့ ကျောင်းဆရာဟောင်းတဦးက ထောက်ပြလိုက်ပါတယ်။

ယခုနှစ် စာသင်နှစ်မှာ ကျောင်းသားပေါင်း ၅.၆ သန်း ကျောင်းအပ်တယ်လို့ စကစက ထုတ်ပြန်ပေမယ့်လည်း တကယ့် လက်တွေ့မှာတော့ တဝက်ခန့်သာ ကျောင်းလာတက်တယ်လို့ သိရပါတယ်။
Crd

Leave a Reply

Your email address will not be published.