မန္တလေးမြို့အနောက်ခြမ်းကမ်းနားလမ်းပေါ်က အညတရသူရဲကောင်း မောင်ဝေယံထွန်း

News

မန္တလေးမြို့အနောက်ခြမ်းကမ်းနားလမ်းပေါ်က အညတရသူရဲကောင်း မောင်ဝေယံထွန်း

မန္တလေးမြို့အနောက်ခြမ်းကမ်းနားလမ်းပေါ်မှာ ငှက်ကလေးတစ်ကောင်ကို လူကြီးတယောက် ဖမ်းမိလာတာမြင်တော့ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်က ပြန်လွှတ်ပေးချင်လို့ဆိုပြီး သူစုထားတဲ့ပိုက်ဆံနဲ့ ဝယ်လိုက်တယ်။

ငှက်ကလေးကို ပြန်လွှတ် မပေးခင်မှာသူ့ သူငယ်ချင်းတစ်ယောက်ကငှက်ကလေးနဲ့အတူ ဓာတ်ပုံတွဲရိုက်ပေးခဲ့ သေးတယ်။ဒီလို သနားကြင်နာစိတ်ရှိပြီးနှလုံးသားနူးညံတဲ့ ချာတိတ်လေးဟာ၂၀၂၁ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မန္တလေးမြို့ ကမ်းနားလမ်းဆန္ဒပြပွဲအကြမ်းဖက်ဖြိုခွင်းခံရမှုအတွင်း

စစ်ကောင်စီတပ်သား စနို က် ပါလ က်ဖြောင့် တေနတ်သမားရဲ့ ပ စ် ခ တ်မှုကြောင့်ဦးခေါ င်းတည့်တည့်ကိုကျ ည်ထိမှန် ကျဆုံးခဲ့ရရှာတယ်။ဒီလူငယ်လေးရဲ့နာမည်ကမောင်ဝေယံထွန်း(ခ) မောင်ကုလား။ သူ့အသက်က ၁၆ နှစ် ပဲရှိသေးတာ။သူ့ကို အမရပူရမြို့နယ်မြို့ပြင်ကြီးကျေးရွာမှာအဘဦးထွန်းဝေနဲ့ အမိဒေါ်ဆွေတို့ကနေ

၂၀၀၅ ဇွန် ၆ ရက်နေ့ မွေးဖွားခဲ့ပြီးသူက မွေးချင်း ၄ ယောက်ထဲမှာဒုတိယမြောက်သားပါ။ သူ့အထက်မှာ အကိုတစ်ယောက်၊သူ့အောက်မှာ နှမတစ် ယောက်နဲ့ညီတစ်ယောက် ရှိတယ်။သူကမြို့ပြင်ကြီးမူလတန်းကျောင်းကနေ၄ တန်းနဲ့ကျောင်းထွက်ခဲ့ပြီး ရန်ကုန်မန္တလေး ကားလမ်းဘေးမှာ ငုံးဥ၊အချဉ် ပေါင်းရောင်းတဲ့အလုပ် စလုပ်တယ်။

နောက်တော့စိန်ပန်းက ရေသန့်စက်ရုံတစ်ခုမှာ အလုပ်ရတော့ နေ့ခင်းဘက် ရေသန့်လိုက်ပို့၊ ညဘက်ကျ ညဈေးမှာ တွန်း လှည်းဆွဲပြီးအသီးအရွက်ကုန်စိမ်းတွေ လိုက်ပို့တယ်။ရှာလို့ရတဲ့ ချွေးနှီးစာလုပ်အားခထဲကနေပဲ သူ့ရွာက လာတဲ့ဈေးသည်တွေတဆင့် သူ့မိဘဆီ ပိုက်ဆံပါးပေးလေ့ရှိသလိုတခါတရံတော့ သူလိုချင်တဲ့အဝတ်အစားတွေ ပြန်မှာတတ်တယ်။

ဘဝမှာ ဖုန်းတစ်လုံးနဲ့ဆိုင်ကယ်လေးတစ်စီးဝယ်နိုင်ဖို့ဆိုပြီး စုနိုင်သလောက် ပိုက်ဆံကိုလည်း စုဗူးလေးနဲ့ သူ စုခဲ့တယ်။ဈေးထဲမှာတော့ သူ့ကို “ကောင်လေး”လို့ချစ်စနိုးခေါ်ကြတယ်တဲ့။ သူက လိမ္မာရေးခြားရှိသလို ဘယ်သူနဲ့ဖြစ်ဖြစ် တည့် အောင်နေတတ်တဲ့သူ။

သူ ညအိပ်တာကတော့လှုမှုကူညီရေးပရဟိတအသင်းရုံးတစ်ခုမှာပါ။တခါတရံကျတော့ ညဈေးတန်း ကွမ်းယာဆိုင်က ခုံပေါ်မှာတင် အိပ်လိုက်တဲ့ ညတွေလည်းရှိတာပေါ့လေ။၂၀၂၁ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကျတော့ မန္တလေးမြို့ရတနာပုံသင်္ဘောကျင်း CDM ဝန်ထမ်းသင်္ဘောသားတွေကို

အတင်းအ ကြပ်လာရောက်ခေါ်ဆောင်တဲ့ရဲတပ်ဖွဲ့နဲ့ ဝန်းရံသူ ဒေသခံပြည်သူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်လို့ အကြမ်းဖက်ပစ် ခတ်ဖြိုခွင်းခံရတဲ့အခါအနီးနား ၄၁ လမ်းဈေးကတွန်းလှည်းသမား မောင်ဝေယံထွန်းလည်း အဲ့ဒီမှာ ရှိနေတယ်။ပထမတော့ သူက ဝမ်းဗိုက်ကျည်ထိမှန်ဒဏ်ရာရသူကိုသူ့ရဲ့တွန်းလှည်းလေးနဲ့ ကူညီကယ်ထုတ်ပေးခဲ့သေးတာ။

သိပ်မကြာခင် ရပ်ထားတဲ့ ခွေးဘီလူးကားနားမှာတင် သူကိုယ်တိုင် ဦးခေါင်းတည့်တည့် ကျ ည်ထိမှန်လို့ လဲ ကျသွား တဲ့ အချိန် အနားမှာရှိသူတွေက သူ့တွန်းလှည်းလေးပေါ်.သူ့ကို ပြန်ပွေ့တင်ပြီး ဆွဲယူပြေးခဲ့ကြပေမယ့် အသက် မကယ် နိုင်ခဲ့ဘူး။တေနတ်ကျည်ဆံကြောင့်သူ့ ဦးခေါ င်းပွ င့်ထွ က်သွားရသလိုပဲ ကြေကွဲဖွယ် ဒီသတင်းက ကြားရတဲ့လူတွေရဲ့ရင်ဘတ် တွေကိုပါထုတ်ချင်းခတ်ပွင့်ထွက်အောင်ပစ်ခတ်လိုက်သလိုပါပဲ။

နောက်တစ်ရက်ကျမှ သူ့ ရုပ်အလောင်း ကို သူ့မိဘများရှိတဲ့ မြစ်ငယ် မြို့ပြင်ကြီးကျေးရွာဆီသယ်ယူပြီး အဲဒီမှာပဲ ဂူသွင်း သင်္ဂြိုလ်ခဲ့တယ်။နောက်ပိုင်းမှာ သူ့ကိုဂုဏ်ပြုတဲ့အနေနဲအဲ့ဒီ ၄၁ လမ်းညဈေးကိုလည်းဝေယံထွန်းဈေးလို့ အများကခေါ်ကြတယ်။

တကယ်တမ်း ပြောရရင် မောင်ဝေယံထွန်းဆိုတဲ့ ကလေးက ငုံးဥ နဲ့ အချဉ်ပေါင်းရောင်း ၊ ရေသန့်ပို့၊ တွန်းလှည်ဆွဲ စတဲ့အလုပ်တွေနဲ့အသ က်မွေးဝမ်း ကျောင်းနေရတဲ့အလုပ်ကြမ်းသမားသာမန် အညတရလူငယ်တစ်ယောက်ကလွဲလို့ဘာဆိုဘာမှကို မဟုတ်ခဲ့ပါဘူး။

ဒါပေမယ့်ရက်စက်ကြမ်းကြုတ်တဲ့စစ်အာဏာရှင်နဲ့ ရင်ဆိုင်ယှဉ်ပြိုင်တိုက်ခိုက်တဲ့ပွဲမှာ ပြည်သူ့နွေဦးတော်လှန် ရေး မီးတောက်မီးလျှံကြီးထဲသူ့ အသက်ခန္ဓာကိုစွန့် လွှတ်စတေး လောင်ကျွမ်းခံဝံ့ ခဲ့တာမို့သူဟာ ဝတ်ရုံမခြုံတဲ့ သူရဲကောင်း တစ်ဦးပါပဲ။သူကမတရားတာကို မတရားမှန်းသိတဲ့အလျောက် မလိုလားကြောင်း ထုတ် ဖော်ပြသဖို့ မပျက်ကွက်ခဲ့တာမို့ အသက် ငယ်ပေမယ့် ဦးနှောက်မငယ်တဲ့ ကောင်လေး။

မှန်ကန်တဲ့ဘက်ကနေ ထောက်ခံ ရပ်တည်ပြခဲ့တဲ့အတွက်အတန်းပညာ ငယ်ပေမယ့်အသိ မငယ်တဲ့ ချာတိတ်။သေနတ်တွေ တရစပ်ပစ်ခတ်နေတဲ့ကြားထဲဒဏ်ရာရသူတွေကို ကူညီပေးဖို့ဆိုပြီးအကြောက်အလန့်မရှိ ရောက်သွားခဲ့လို့အရွယ် ငယ်ပေမယ့် သူရသတ္တိ မငယ်တဲ့လူငယ်။

သူဟာဘာချပ်ဝတ်တန်ဆာမှ ဝတ်ဆင်မထားတဲ့ သာမန်အရပ်သား လူငယ်တစ်ယောက်ဖြစ်ပေမယ့် သူ့လုပ်ရပ်က ကြီးမြတ်ခမ်းနားလှပါတယ်။

အို….အညတရသူရဲကောင်း မောင်ဝေယံထွန်း။သင်နဲ့တကွ ကျဆုံးခဲ့ရသူတွေဆီအရောက်အောင်ပွဲကိုသေ ချာပေါက်ယူဆောင်ခဲ့မယ့်အကြောင်း တော်လှန်ရေးကတိသစ္စာ ပြုလိုက်ပါရဲ့။

#အောင်နိမိတ် ၂၀၂၂ ဇွန် ၁

Crd

Unicode

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

အညတရသူရဲေကာင္း ေမာင္ေဝယံထြန္း

မႏၲေလးၿမိဳ႕အေနာက္ျခမ္းကမ္းနားလမ္းေပၚမွာ ငွက္ကေလးတစ္ေကာင္ကို လူႀကီးတေယာက္ ဖမ္းမိလာတာျမင္ေတာ့ဆယ္ေက်ာ္သက္အ႐ြယ္ ေကာင္ေလးတစ္ေယာက္က ျပန္လႊတ္ေပးခ်င္လို႔ဆိုၿပီး သူစုထားတဲ့ပိုက္ဆံနဲ႕ ဝယ္လိုက္တယ္။

ငွက္ကေလးကို ျပန္လႊတ္ မေပးခင္မွာသူ႕ သူငယ္ခ်င္းတစ္ေယာက္ကငွက္ကေလးနဲ႕အတူ ဓာတ္ပုံတြဲရိုက္ေပးခဲ့ ေသးတယ္။ဒီလို သနားၾကင္နာစိတ္ရွိၿပီးႏွလုံးသားႏူးညံတဲ့ ခ်ာတိတ္ေလးဟာ၂၀၂၁ ေဖေဖာ္ဝါရီ ၂၀ ရက္ေန႕ မႏၲေလးၿမိဳ႕ ကမ္းနားလမ္းဆႏၵျပပြဲအၾကမ္းဖက္ၿဖိဳခြင္းခံရမႈအတြင္း

စစ္ေကာင္စီတပ္သား စနို က္ ပါလ က္ေျဖာင့္ ေတနတ္သမားရဲ႕ ပ စ္ ခ တ္မႈေၾကာင့္ဦးေခါ င္းတည့္တည့္ကိုက် ည္ထိမွန္ က်ဆဳံးခဲ့ရရွာတယ္။ဒီလူငယ္ေလးရဲ႕နာမည္ကေမာင္ေဝယံထြန္း(ခ) ေမာင္ကုလား။ သူ႕အသက္က ၁၆ ႏွစ္ ပဲရွိေသးတာ။သူ႕ကို အမရပူရၿမိဳ႕နယ္ၿမိဳ႕ျပင္ႀကီးေက်း႐ြာမွာအဘဦးထြန္းေဝနဲ႕ အမိေဒၚေဆြတို႔ကေန

၂၀၀၅ ဇြန္ ၆ ရက္ေန႕ ေမြးဖြားခဲ့ၿပီးသူက ေမြးခ်င္း ၄ ေယာက္ထဲမွာဒုတိယေျမာက္သားပါ။ သူ႕အထက္မွာ အကိုတစ္ေယာက္၊သူ႕ေအာက္မွာ ႏွမတစ္ ေယာက္နဲ႕ညီတစ္ေယာက္ ရွိတယ္။သူကၿမိဳ႕ျပင္ႀကီးမူလတန္းေက်ာင္းကေန၄ တန္းနဲ႕ေက်ာင္းထြက္ခဲ့ၿပီး ရန္ကုန္မႏၲေလး ကားလမ္းေဘးမွာ ငုံးဥ၊အခ်ဥ္ ေပါင္းေရာင္းတဲ့အလုပ္ စလုပ္တယ္။

ေနာက္ေတာ့စိန္ပန္းက ေရသန႔္စက္႐ုံတစ္ခုမွာ အလုပ္ရေတာ့ ေန႕ခင္းဘက္ ေရသန႔္လိုက္ပို႔၊ ညဘက္က် ညေစ်းမွာ တြန္း လွည္းဆြဲၿပီးအသီးအ႐ြက္ကုန္စိမ္းေတြ လိုက္ပို႔တယ္။ရွာလို႔ရတဲ့ ေခြၽးႏွီးစာလုပ္အားခထဲကေနပဲ သူ႕႐ြာက လာတဲ့ေစ်းသည္ေတြတဆင့္ သူ႕မိဘဆီ ပိုက္ဆံပါးေပးေလ့ရွိသလိုတခါတရံေတာ့ သူလိုခ်င္တဲ့အဝတ္အစားေတြ ျပန္မွာတတ္တယ္။

ဘဝမွာ ဖုန္းတစ္လုံးနဲ႕ဆိုင္ကယ္ေလးတစ္စီးဝယ္နိုင္ဖို႔ဆိုၿပီး စုနိုင္သေလာက္ ပိုက္ဆံကိုလည္း စုဗူးေလးနဲ႕ သူ စုခဲ့တယ္။ေစ်းထဲမွာေတာ့ သူ႕ကို “ေကာင္ေလး”လို႔ခ်စ္စနိုးေခၚၾကတယ္တဲ့။ သူက လိမၼာေရးျခားရွိသလို ဘယ္သူနဲ႕ျဖစ္ျဖစ္ တည့္ ေအာင္ေနတတ္တဲ့သူ။

သူ ညအိပ္တာကေတာ့လႈမႈကူညီေရးပရဟိတအသင္း႐ုံးတစ္ခုမွာပါ။တခါတရံက်ေတာ့ ညေစ်းတန္း ကြမ္းယာဆိုင္က ခုံေပၚမွာတင္ အိပ္လိုက္တဲ့ ညေတြလည္းရွိတာေပါ့ေလ။၂၀၂၁ ေဖေဖာ္ဝါရီ ၂၀ ရက္ေန႕က်ေတာ့ မႏၲေလးၿမိဳ႕ရတနာပုံသေဘၤာက်င္း CDM ဝန္ထမ္းသေဘၤာသားေတြကို

အတင္းအ ၾကပ္လာေရာက္ေခၚေဆာင္တဲ့ရဲတပ္ဖြဲ႕နဲ႕ ဝန္းရံသူ ေဒသခံျပည္သူေတြၾကား ႐ုန္းရင္းဆန္ခတ္ျဖစ္လို႔ အၾကမ္းဖက္ပစ္ ခတ္ၿဖိဳခြင္းခံရတဲ့အခါအနီးနား ၄၁ လမ္းေစ်းကတြန္းလွည္းသမား ေမာင္ေဝယံထြန္းလည္း အဲ့ဒီမွာ ရွိေနတယ္။ပထမေတာ့ သူက ဝမ္းဗိုက္က်ည္ထိမွန္ဒဏ္ရာရသူကိုသူ႕ရဲ႕တြန္းလွည္းေလးနဲ႕ ကူညီကယ္ထုတ္ေပးခဲ့ေသးတာ။

သိပ္မၾကာခင္ ရပ္ထားတဲ့ ေခြးဘီလူးကားနားမွာတင္ သူကိုယ္တိုင္ ဦးေခါင္းတည့္တည့္ က် ည္ထိမွန္လို႔ လဲ က်သြား တဲ့ အခ်ိန္ အနားမွာရွိသူေတြက သူ႕တြန္းလွည္းေလးေပၚ.သူ႕ကို ျပန္ေပြ႕တင္ၿပီး ဆြဲယူေျပးခဲ့ၾကေပမယ့္ အသက္ မကယ္ နိုင္ခဲ့ဘူး။ေတနတ္က်ည္ဆံေၾကာင့္သူ႕ ဦးေခါ င္းပြ င့္ထြ က္သြားရသလိုပဲ ေၾကကြဲဖြယ္ ဒီသတင္းက ၾကားရတဲ့လူေတြရဲ႕ရင္ဘတ္ ေတြကိုပါထုတ္ခ်င္းခတ္ပြင့္ထြက္ေအာင္ပစ္ခတ္လိုက္သလိုပါပဲ။

ေနာက္တစ္ရက္က်မွ သူ႕ ႐ုပ္အေလာင္း ကို သူ႕မိဘမ်ားရွိတဲ့ ျမစ္ငယ္ ၿမိဳ႕ျပင္ႀကီးေက်း႐ြာဆီသယ္ယူၿပီး အဲဒီမွာပဲ ဂူသြင္း သျဂၤိုလ္ခဲ့တယ္။ေနာက္ပိုင္းမွာ သူ႕ကိုဂုဏ္ျပဳတဲ့အေနနဲအဲ့ဒီ ၄၁ လမ္းညေစ်းကိုလည္းေဝယံထြန္းေစ်းလို႔ အမ်ားကေခၚၾကတယ္။

တကယ္တမ္း ေျပာရရင္ ေမာင္ေဝယံထြန္းဆိုတဲ့ ကေလးက ငုံးဥ နဲ႕ အခ်ဥ္ေပါင္းေရာင္း ၊ ေရသန႔္ပို႔၊ တြန္းလွည္ဆြဲ စတဲ့အလုပ္ေတြနဲ႕အသ က္ေမြးဝမ္း ေက်ာင္းေနရတဲ့အလုပ္ၾကမ္းသမားသာမန္ အညတရလူငယ္တစ္ေယာက္ကလြဲလို႔ဘာဆိုဘာမွကို မဟုတ္ခဲ့ပါဘူး။

ဒါေပမယ့္ရက္စက္ၾကမ္းၾကဳတ္တဲ့စစ္အာဏာရွင္နဲ႕ ရင္ဆိုင္ယွဥ္ၿပိဳင္တိုက္ခိုက္တဲ့ပြဲမွာ ျပည္သူ႕ေႏြဦးေတာ္လွန္ ေရး မီးေတာက္မီးလွ်ံႀကီးထဲသူ႕ အသက္ခႏၶာကိုစြန႔္ လႊတ္စေတး ေလာင္ကြၽမ္းခံဝံ့ ခဲ့တာမို႔သူဟာ ဝတ္႐ုံမၿခဳံတဲ့ သူရဲေကာင္း တစ္ဦးပါပဲ။သူကမတရားတာကို မတရားမွန္းသိတဲ့အေလ်ာက္ မလိုလားေၾကာင္း ထုတ္ ေဖာ္ျပသဖို႔ မပ်က္ကြက္ခဲ့တာမို႔ အသက္ ငယ္ေပမယ့္ ဦးေႏွာက္မငယ္တဲ့ ေကာင္ေလး။

မွန္ကန္တဲ့ဘက္ကေန ေထာက္ခံ ရပ္တည္ျပခဲ့တဲ့အတြက္အတန္းပညာ ငယ္ေပမယ့္အသိ မငယ္တဲ့ ခ်ာတိတ္။ေသနတ္ေတြ တရစပ္ပစ္ခတ္ေနတဲ့ၾကားထဲဒဏ္ရာရသူေတြကို ကူညီေပးဖို႔ဆိုၿပီးအေၾကာက္အလန႔္မရွိ ေရာက္သြားခဲ့လို႔အ႐ြယ္ ငယ္ေပမယ့္ သူရသတၱိ မငယ္တဲ့လူငယ္။

သူဟာဘာခ်ပ္ဝတ္တန္ဆာမွ ဝတ္ဆင္မထားတဲ့ သာမန္အရပ္သား လူငယ္တစ္ေယာက္ျဖစ္ေပမယ့္ သူ႕လုပ္ရပ္က ႀကီးျမတ္ခမ္းနားလွပါတယ္။

အို….အညတရသူရဲေကာင္း ေမာင္ေဝယံထြန္း။သင္နဲ႕တကြ က်ဆဳံးခဲ့ရသူေတြဆီအေရာက္ေအာင္ပြဲကိုေသ ခ်ာေပါက္ယူေဆာင္ခဲ့မယ့္အေၾကာင္း ေတာ္လွန္ေရးကတိသစၥာ ျပဳလိုက္ပါရဲ႕။

#ေအာင္နိမိတ္ ၂၀၂၂ ဇြန္ ၁

Crd

Leave a Reply

Your email address will not be published.