ဆရာတင်ညွန့်နဲ့ မေတ္တာရှင်(ရွှေပြည်သာ)တို့ရဲ့ ဇာတ်လမ်း မနေ့က ဖတ်ရကြားလိုက်ရပါတယ်။ ဆရာတင်ညွန့်ရဲ့ post အောက်မှာ စာရေးဆရာတွေ စာရင်းပါလာတော့ သန်းမင်းထွန်းဆိုပြီး ထိပ်ဆုံးနံပါတ်(၁)မှာ နာမည်တစ်ခု တွေ့ရပါလေရော။
ဒါနဲ့ စာအုပ်ကို ပုသိမ်က ပြုံးချိုစာပေကို အကူအညီ တောင်းပြီး မှာကြည့်လိုက်တော့ ကျွန်တော့်ဆောင်းပါး “ကျွန်တော်ပထမ မရချင်တော့ပါ”ကို ခွင့်မတောင်းဘဲ ယူသုံးထားတာ ဖြစ်နေတာ တွေ့ရပါတယ်။




ဒီဆောင်းပါးလေးကို ကျွန်တော် လူရည်ချွန်စာစောင် တစ်ခုမှာ ရေးခဲ့တာပါ။ ရေးခဲ့စဉ်က ကလောင်အမည်က ဒေါက်တာသန်းမင်းထွဋ် (ပင်းတယမီးအိမ်ရှင်) ဖြစ်ပါတယ်။
အခု မေတ္တာရှင်(ရွှေပြည်သာ)ရဲ့ စာအုပ်မှာတော့ စာမူခေါင်းစဉ်ကို “ပထမရတိုင်း ဂုဏ်ယူစရာ မဟုတ်ပါ” လို့ ပြောင်းထားတဲ့အပြင် ရေးသူကိုလည်း သန်းမင်းထွန်းလို့ မာတိကာမှာ ဖော်ပြထားပါတယ်။ (အတွင်းထဲကစာမှာတော့ သန်းမင်းထွဋ်(ပင်းတယ မီးအိမ်ရှင်)လို့ ဖော်ပြထားပါတယ်)




ဆရာတင်ညွန့်ကမှ နာမည်မှန် ခေါင်းစဉ်မှန် ပါသေးတယ်။ ကျွန်တော့်မှာ စာမူ ယူသုံးခံရတဲ့အပြင် နာမည်လည်းမှား၊ ခေါင်းစဉ်လည်းအပြင်ခံရနဲ့ နှစ်ထပ်ကွမ်း နစ်နာခဲ့ရပါတယ်။




စာအုပ်ထဲမှာပါတဲ့ ကလောင်ရှင်တွေကတော့ မာတိကာ အစဉ်အတိုင်း ရေးပြရမယ်ဆိုရင်- သန်းမင်းထွန်း ညီညီဇော် မေတ္တာရှင် (ရွှေပြည်သာ) ပီသ ဦးရွှေအောင် ကျော်ဟိန်း ဦးရဲထွဋ် (ပြန်ဝန်ဟောင်း) အရှင်ပုည (ဝကုန်း) မောင်စွမ်းရည် ထန်းတပင် လောကပါလ ထန်းတပင်စန်းလွင် ကိုစိုးထိုက် (ဖဒို) မင်းလူ
ဂုံပဝါ (မြန်အောင်) ညီမင်းညို စိန်မွတ္တား သရဝဏ် (ပြည်) တင်ညွန့် ခင်မောင်နှင်း တက္ကသိုလ်ဘုန်းနိုင် မင်သေ့ အောင်သင်း မောင်သော်က ကောင်းကင်ထက်ကကြယ်စင် အရှင်ပညာသီရိ ဖန်မီးအိမ် ဦးရန်အောင် တို့ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ စာပေသစ္စာ ရှိစေလိုလို့ တင်ပြခြင်း ဖြစ်ပါတယ်။ စာမူခ မလို၊ တောင်းပန်စရာ မလိုပါ။ (သန်းမင်းထွဋ်(ပင်းတယ မီးအိမ်ရှင်)
Crd
unicode








Crd