စစ်ကောင်စီရဲ့ အောင်ချက်ပိုများတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြေငြာမည့်ရက် ထပ်မံထုတ်ပြန်
၂ဝ၂၁-၂ဝ၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာ ရင်းများကို မူလကဇွန်လ၁၂ရက်မှာထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်းပညာရေးဌာနအသိုင်းအဝိုင်းကသတင်းထုတ်ပြန်ခဲ့ပြီးအကြောင်းအမျိုးမျိုးကြောင့်
အောင်စာရင်းထုတ်ပြန်မယ့်ရက်ဟာနောက်ကျသွားခဲ့ရာ နောက်ထပ် အောင်စာရင်းထုတ်ပြန်မယ့်ရက်ဟာ လာမယ့်ရက်သတ္တပတ်ဇွန်လ၁၇နဲ့၁၈ရက် တွေအတွင်းမှာ ထုတ်ပြန်သွားဖို့ရှိတယ်လို့ ပညာရေးဝန်ကြီးဌာန ကသိရပါတယ်။




“အရင်က ဇွန်လ ၁၂ ရက်နေ့ကို အောင်စာရင်းတွေ ကြေ ညာဖို့ လုပ်ထားတာပေါ့။အခုတော့နောက်ထပ်တစ်ပတ်မှထွက်ဖို့ပြောင်းသွားတယ်၁၇နဲ့၁၈ ရက်တွေမှာထုတ်ပြန်မယ်လို့သိထားတယ်။ ဒီနှစ်က အောင်စာရင်းထုတ်ဖို့အခြေအနေကလည်း ခါတိုင်းနှစ်နဲ့မတူတာကြောင့်ဖြစ်မယ်ထင်တယ်လို့”ပညာရေးဝန်ကြီးဌာန ကတာဝန်ရှိသူကပြောပါတယ်။
စာမေးပွဲအောင်စာရင်းများကို ကျောင်းများတွင် ကပ် ထားကာကြေညာပေးမည့်အပြင် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ် ဦးစီးဌာန၏ ဝက်ဆိုဒ်တစ်ခုဖြစ်သော website တွင်လည်း ကြေညာပေးသွားမည် ဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။




“ဘာကြောင့်နောက်ဆုတ်လိုက်လဲဆိုတာတော့ မသိရဘူး။ ဒီလ ဇွန် ၁၇ ရက်နေ့ထွက်မယ်လို့ကြားတယ်။ အဲ့ရက်ကတော့ သေချာပါတယ်။ အောင်ချက်ကတော့ မနှစ်ကထက် ဒီနှစ်ပိုများပါတယ်” ဟု အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
၂ဝ၂၁-၂ဝ၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် ပြီးခဲ့သော မတ်လ ၃၁ ရက်မှစ၍ ဧပြီလ ၉ ရက်အထိ ကျင်းပခဲ့ပြီး ကျောင်းသားဦးရေ နှစ်သိန်းကျော်ဝင်ရောက် ဖြေဆိုခဲ့ရာနိုင်ငံခြားစာစစ်ဌာန ၂ဝ ခုနှင့် ပြည် တွင်းစာစစ်ဌာန ၁၂၃၈ ခု စုစုပေါင်း ၁၂၅၈ ခုဖြင့် ဖွင့်လှစ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။




ဇော်ဂျီ ဖောင့် ဖြင့် အောက်မှာ ဆက်လက် ဖတ်ရှု အားပေး နိုင် ပါသည်












Crd