၂၀၂၃ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးထွက်ပေါက်လို့ ဖြစ်လို့ နစကအဖွဲ့ဝင် NDF ပါတီက ဦးခင်မောင်ဆွေ ကြေငြာ

News

၂၀၂၃ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးထွက်ပေါက်လို့ ဖြစ်လို့ နစကအဖွဲ့ဝင် NDF ပါတီက ဦးခင်မောင်ဆွေ ကြေငြာ

နစကအဖြဲ႕ဝင္ ဦးခင္ေမာင္ေဆြရဲ႕ NDF ပါတီက ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က်င္းပမယ့္ ၂၀၂၃ ေ႐ြးေကာက္ပြဲဟာ ျမန္မာ့ႏိုင္ငံေရးထြက္ေပါက္လို႔ ေၾကညာ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ (NDF) ပါတီဟာ နစက-ကျပဳလုပ္မယ့္ ေ႐ြးေကာက္ပြဲကို ေထာက္ခံေၾကာင္း ေၾကညာခ်က္ကို ဒီကေန႔ (ဇြန္လ ၁၄ ရက္) မွာ ထုတ္ျပန္ခဲ့ၿပီးေ

တာ့ အဲ့ဒီ ေ႐ြးေကာက္ပြဲမတိုင္မီ ႏိုင္ငံေရးပါတီေတြကို ေတြ႕ဆုံဖို႔လည္း ေတာင္းဆိုခဲ့ပါတယ္။NDF ပါတီကို နစကအဖြဲ႕ဝင္ ဦးခင္ေမာင္ေဆြကဦးေဆာင္တာျဖစ္ၿပီး ဦးခင္ေမာင္ေဆြဟာ ၂၀၁၀ ေ႐ြးေကာက္ပြဲဝင္ဖို႔ NLD ပါတီကေနႏုတ္ထြက္ခဲ့သူလည္းျဖစ္ပါတယ္။ ၂၀၂၃ ခုႏွစ္မွာ ျပဳလုပ္မယ့္ အေထြေထြေ႐ြးေကာက္ပြဲကို အခ်ိဳးက်ကိုယ္စားျပဳမႈ

စနစ္ (PR) နဲ႔ က်င္းပျပဳလုပ္မွာကို NDF ပါတီအေနနဲ႔ အထူးႀကိဳဆိုၿပီးေတာ့ အဲ့ဒီေ႐ြးေကာက္ပြဲဟာ ျမန္မာ့ႏိုင္ငံေရးအေျပာင္းအလဲနဲ႔ ႏိုင္ငံေရးထြက္ေပါက္အျဖစ္မွတ္ယူႏိုင္တယ္လို႔ NDF က ထုတ္ျပန္ခဲ့တာပါ။လက္ရွိကာလကိုေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ေ႐ြးေကာက္ပြဲအႀကိဳကာလလို႔ သတ္မွတ္ထားတဲ့အတြက္ ႏိုင္ငံေရးပါတီေတြရဲ႕

သေဘာထားအျမင္ေတြ တင္ျပႏိုင္ေရးအတြက္ ႏိုင္ငံေရးပါတီမ်ားနဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္တို႔ရဲ႕ ေတြ႕ဆုံပြဲေတြျပဳလုပ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။ဒါ့အျပင္ နစက ဥကၠ႒ အေနနနဲ႔လည္း အရင္က ျပဳလုပ္ခဲ့တဲ့အစဥ္အလာအတိုင္း ေ႐ြးေကာက္ပြဲမတိုင္မီ ႏိုင္ငံေရးပါတီေတြနဲ႔ ေတြ႕ဆုံၿပီးေတာ့ ႏိုင္ငံေရးပါတီေတြရဲ႕ သေဘာထားေတြ

ေတြ႕ဆုံတင္ျပခြင့္ျပဳဖို႔ ေတာင္းဆိုထားပါတယ္။နစကဟာ အေထြေထြေ႐ြးေကာက္ပြဲတစ္ရပ္ကို ၂၀၂၃ ခုႏွစ္မွာျပဳလုပ္မွာျဖစ္တယ္လို႔ ေျပာၾကားထားၿပီး ေ႐ြးေကာက္ပြဲကို တစ္ႏိုင္ငံလုံးမွာ အၾကားအလပ္မရွိေစဘဲျပဳလုပ္သြားမွာျဖစ္တယ္လို႔ ေျပာထားပါတယ္။ယခုေၾကညာခ်က္ထုတ္ျပန္ခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ

(NDF) ၿပီးခဲ့တဲ့ ၂၀၁၀ ေ႐ြးေကာက္ပြဲကို NLD ပါတီ ဝင္မၿပိဳင္ဘဲ သပိတ္ေမွာက္ခဲ့စဥ္က NLD ပါတီကေန ခြဲထြက္ခဲ့သူအခ်ိဳ႕နဲ႔ တည္ေထာင္ခဲ့တာျဖစ္ၿပီး အဲ့ဒီ ၂၀၁၀ ေ႐ြးေကာက္ပြဲကိုလည္း NDF ပါတီ က ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ပါတီျဖစ္ပါတယ္။

Unicode

၂၀၂၃ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးထွက်ပေါက်လို့ ဖြစ်လို့ နစကအဖွဲ့ဝင် NDF ပါတီက ဦးခင်မောင်ဆွေ ကြေငြာ

နစကအဖွဲ့ဝင် ဦးခင်မောင်ဆွေရဲ့ NDF ပါတီက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးထွက်ပေါက်လို့ ကြေညာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ပါတီဟာ နစက-ကပြုလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း ကြေညာချက်ကို ဒီကနေ့ (ဇွန်လ ၁၄ ရက်) မှာ ထုတ်ပြန်ခဲ့ပြီးေ

တာ့ အဲ့ဒီ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီတွေကို တွေ့ဆုံဖို့လည်း တောင်းဆိုခဲ့ပါတယ်။NDF ပါတီကို နစကအဖွဲ့ဝင် ဦးခင်မောင်ဆွေကဦးဆောင်တာဖြစ်ပြီး ဦးခင်မောင်ဆွေဟာ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ NLD ပါတီကနေနုတ်ထွက်ခဲ့သူလည်းဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုမှု

စနစ် (PR) နဲ့ ကျင်းပပြုလုပ်မှာကို NDF ပါတီအနေနဲ့ အထူးကြိုဆိုပြီးတော့ အဲ့ဒီရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲနဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ်မှတ်ယူနိုင်တယ်လို့ NDF က ထုတ်ပြန်ခဲ့တာပါ။လက်ရှိကာလကိုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲအကြိုကာလလို့ သတ်မှတ်ထားတဲ့အတွက် နိုင်ငံရေးပါတီတွေရဲ့

သဘောထားအမြင်တွေ တင်ပြနိုင်ရေးအတွက် နိုင်ငံရေးပါတီများနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ရဲ့ တွေ့ဆုံပွဲတွေပြုလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။ဒါ့အပြင် နစက ဥက္ကဋ္ဌ အနေနနဲ့လည်း အရင်က ပြုလုပ်ခဲ့တဲ့အစဉ်အလာအတိုင်း ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပြီးတော့ နိုင်ငံရေးပါတီတွေရဲ့ သဘောထားတွေ

တွေ့ဆုံတင်ပြခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။နစကဟာ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကို ၂၀၂၃ ခုနှစ်မှာပြုလုပ်မှာဖြစ်တယ်လို့ ပြောကြားထားပြီး ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးမှာ အကြားအလပ်မရှိစေဘဲပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။ယခုကြေညာချက်ထုတ်ပြန်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

(NDF) ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို NLD ပါတီ ဝင်မပြိုင်ဘဲ သပိတ်မှောက်ခဲ့စဉ်က NLD ပါတီကနေ ခွဲထွက်ခဲ့သူအချို့နဲ့ တည်ထောင်ခဲ့တာဖြစ်ပြီး အဲ့ဒီ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း NDF ပါတီ က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ပါတီဖြစ်ပါတယ်

Crd

Leave a Reply

Your email address will not be published.