ကိုယ့်နိုင်ငံတွင်းမှာ ဒီလိုပွဲတော်မျိုးရှိတာ ခုမှပဲသိရတော့တယ်…ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်…

News







Credit;Ko Ko Naing

Unicode

တမူထူးခြားတဲ့ ရမ်းဗြဲမြို့နယ်က အမျိုးအဆွေရွာလည်ပွဲ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ ကုန်ဘောင်(၁) စံပြကျေးရွာမှာ ဘိုးဘွားစဉ်ဆက် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လာကြတဲ့ အမျိုးအဆွေ ရွာလည်ပွဲတော် ဟာ ရခိုင်ပြည်နယ်ထဲက ပွဲတော်တွေထဲမှာ အထူးခြားဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်။

အဲဒီပွဲတော်တွင် ကလေးတွေက လူကြီးပုံစံ၊ လူကြီးတွေက ကလေးပုံစံ၊ ယောကျာ်းတွေက မိန်းကလေးပုံစံ၊ မိန်းကလေးတွေက ယောကျာ်းလေးပုံစံနဲ့ အဝတ်အစားဒီဇိုင်းမျိုးစုံကို

ဟာသမြောက်အောင်ဝတ်ဆင်ကာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးဖြစ်အောင် တစ်နှစ်တစ်ကြိမ် ကျင်းပပြုလုပ်တဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

မိုးရာသီလယ်ယာလုပ်ငန်းကောင်းမွန်ရေးအတွက်ဆုတောင်းပွဲရာသီတစ်ခုလည်းဖြစ်ပါရေ…

ကိုယ့်နိုင်ငံတွင်းမှာ ဒီလိုပွဲတော်မျိုးရှိတာ ခုမှပဲသိရတော့တယ်…ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်…

Credit;Ko Ko Naing

Leave a Reply

Your email address will not be published.