၂၀၂၂ ဇွန်လ ၁၄ရက်နေ့မှ ၁၉ရက်နေ့အတွင်း မိုးကြီးမယ့်ဒေသများကို ခန့်မှန်းပေးလိုက်တဲ့ စုစုစံ

News

Unicode
မိုးကြီးရေလျှံသတိ 🌧🌧🌧 ၂၀၂၂ ဇွန်လ ၁၄ရက်နေ့မှ ၁၉ရက်နေ့အတွင်း ကချင်ပြည်နယ်ကြီးမှာထူးကဲမိုးတွေရွာမှာဖြစ်ပါတယ် ရွာသွန်းမြဲထက်လ၃ဆပိုမိုရွာသွန်းနိုင်သဖြင့် မိုးကြီးရေလျှံ တောင်ပြိုခြင်း လမ်းပိတ်ခြင်းအန္တရာယ်များကြုံတွေ့ရနိုင်ပါတယ်

ပူတာအို ဆွမ်ပရာဘွမ် မြစ်ကြီးနားလမ်းပိုင်း တနိုင်း မြစ်ကြီးနားလမ်းပိုင်း မြစ်ကြီးနားဝိုင်းမော်ဝါရှောင် ဆဒုံး ကန်ပိုက်တီ လမ်းပိုင်းများ အန္တရာယ်ရှိပါသဖြင့် ခရီးသွားခြင်း ရှောင်သင့်ပါတယ် ရက်ဝေးလဝေး ကထဲက ခန့်မှန်းပေးပြီးလည်းဖြစ်ပါတယ်

ကချင်ပြည်နယ်အတွင်း မြစ်ချောင်းများအရှိန်အဟုန်ဖြင့်စီးဆင်းလာနိုင်သဖြင့် မြေနိမ့်ရေဝင် မြစ်နီးချောင်းနီးနေထိုင်ကြသူများ အန္တရာယ်ကင်းရာဘေးကင်းလုံခြုံသောနေရာများကို ကြိုတင်စီစဉ်သင့်ပါတယ်

သက်နုတောင်မြေပြိုနိုင်သောနေရာနေထိုင်ကြသူများ တောင်ပြိုခြင်းအန္တရာယ်ရှိပါသဖြင့် ဘေးကင်းရာနေရာဒေသတွေကိုပြောင်းရွှေ့နေထိုင်သင့်ပါတယ် မြစ်ကြီးနား ဝိုင်းမော် စိုးရိမ်ရေမှတ်အထိရောက်ရှိလာနိုင်ပါတယ် ဘေးကင်းကြပါစေ ရှယ်ပေးကြပါ ISSUED TIME 14/06/2022

မံစီ ဗန်းမော် နမ့်ခမ်း လေမိုးလျှပ်စီးမိုးကြိုး မိုး ⛈⛈⛈ ISSUED TIME 14/06/2022၊ ပဲခူး လေမိုးလျှပ်စီးမိုးကြိုး မိုး 🌧🌧🌧

14/06/2022 🌧🌧🌧🌧🌧 ရှမ်းပြည်နယ် တာချီလိတ်ခရိုင် ကျိုင်းတုံခရိုင် လွိုင်လင်ခရိုင် လင်းခေးခရိုင် ဒေသတွေမှာမိုးရွာနိုင်ပါတယ် ISSUED TIME 14/06/2022 at 3:50AM

ကချင်ပြည်နယ်အတွင်းရွာသွန်းမြဲထက် ၂ဆ ပိုမိုရွာသွန်းလျှက်ရှိပြီး ၂၀၂၂ ဇွန်လ ၁၅ရက်နေ့မှ ၁၈ရက်နေ့အတွင်း ရွာသွန်းမြဲထက် ၃ဆပိုမိုရွာသွန်းနိုင်ကာ တနိုင်း မကော ရှင်ဗွေယန်မြို့၊ ဆွမ်ပရာဘွမ် ချီဗွေ ခေါင်လန်ဖူး အထက်ဆန်ခေါင် နောင်မွန်း ပန်နန်းဒင် ပူတာအိုဒေသတွေမှာ ထူးကဲမိုး

စုစုပေါင်းမိုးရေချိန် ၂၀လက်မမှ ၃၀လက်မအထိရွာသွန်းနိုင်သဖြင့် အလွန်အန္တရာယ်ကြီးပါတယ် အဆိုပါရက်များအတွင်း ၎င်းဒေသများတွင် မြစ်ချောင်းရေများ အရှိန်အဟုန်ပြင်းပြင်းစီးဆင်းနိုင်ခြင်း တောင်ပြိုခြင်းအန္တရာယ်များရှိသဖြင့် ခရီးသွားခြင်းကိုရှောင်ရှားသင့်ပါတယ် ချီဗွေ မြစ်ဆုံ မြစ်ကြီးနား ဝိုင်းမော်မြို့တို့ရဲ့ စိုးရိမ်ရေမှတ်များအထိရောက်ရှိလာနိုင်သဖြင့် မြစ်နီးမြေနိမ့်ရေဝင်နေထိုင်ကြသူများအထူးသတိထားကြပါ

16/06/2022 🌧🌧🌧🌧 ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင် တာချီလိတ်ခရိုင် နှင့် ္ပြှုတွ္မ်ှု္ဒဵင်းတုင် လင်းခေးမြို့ ဟိုမိန်းမြို့ မိုးနဲမြို့ ကျိုင်းတောင်းမြို့ မိုင်းပန်မြို့ မောက်မယ်မြို့ ဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ်

မိုးကြီးရေလျှံသတိ မြစ်ကြီးနားမြို့ ၂၀၂၂ ဇွန်လ ၁၃ရက်နေ့မှ ၁၅ရက်နေ့အထိ မိုးများစွာရွာသွန်းနိုင်သဖြင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ပါတယ်

ပြည် ပေါက်ခေါင်း တောင်ငူ ကျွန်းကုန်း ကေတုမတီ နန်ချွန် ဆွာ သာဂရ မြို့လှ ရေနီ သာဝတ္ထိ အေလာ လယ်ဝေး ပျဉ်းမနား တောင်ညို မိုးဆွေ ပန်းတင် နေပြည်တော် ရေဆင်း မိုးများစွာရွာသွန်းနိုင်ပါတယ်

ဇွန် ၁၆ရက်နေ့အတွင်း ကချင်ပြည်နယ်တွင်မိုးများစွာရွာသွန်းနိုင်ပြီး မေခ မလိခ မြစ်ဖျားပိုင်း ပူတာအိုခရိုင် ဖုန်ကန်ရာဇီ ဂန်လန်ရာဇီတောင်တန်းများပေါ်တွင် ထူးကဲမိုးတွေရွာနိုင်သဖြင့် ဧရာဝတီမြစ်အထက်ပိုင်းတွင် စိုးရိမ်ရိမ်မှတ်တွေကိုရောက်ရှိလာနိုင်ပါတယ် ကြိုတင်ပြင်ဆင်နိုင်ကြစေရန် ရက်ဝေးကြိုတင်ခန့်မှန်းပေးပြီးလည်းဖြစ်ပါတယ်

Credit- စုစုစံ

Zawgyi









16/06/2022 🌧🌧🌧🌧 ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင် တာချီလိတ်ခရိုင် နှင့်္ပြှုတ္မွှ်္ဒုဵင်းတုင် လင်းခေးမြို့ ဟိုမိန်းမြို့ မိုးနဲမြို့ ကျိုင်းတောင်းမြို့ မိုင်းပန်မြို့ မောက်မယ်မြို့ ဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ်




Credit- စုစုစံ

Leave a Reply

Your email address will not be published.