မြန်မာနိုင်ငံမှာ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု ဖြန့်ချိဖို့ စီစဉ်နေတဲ့ အီလွန်မတ်စ်

News

မြန်မာနိုင်ငံမှာ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု ဖြန့်ချိဖို့ စီစဉ်နေတဲ့ အီလွန်မတ်စ်

မြန်မာအပါအဝင် အရှေ့တောင်အာရှဈေးကွက်ထဲ ဝင်ရောက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

သူဌေးကြီး အီလွန်မတ်စ်ပိုင် Starlink ဂြိုလ်တု အခြေပြု အင်တာနက် ဝန်ဆောင်မှုဟာ လာမယ့်နှစ်က စပြီး မြန်မာအပါအဝင် အရှေ့တောင်အာရှ ဈေးကွက်ထဲ ဝင်ရောက်ဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။

SpaceX အာကာသကုမ္ပဏီရဲ့ Starlink ဂြိုလ်တု အင်တာနက်ဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကပဲ ဖိလစ်ပိုင်နိုင်ငံ တယ်လီကွန်းဆက်သွယ်ရေးဆိုင်ရာ အဖွဲ့အစည်းရဲ့ ခွင့်ပြုချရထားတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ Starlink ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှုကို ပထမဆုံး ရယူနိုင်တဲ့ နိုင်ငံ ဖြစ်လာတော့မှာပါ။

ကုမ္ပဏီအနေနဲ့ Starlink ဝန်ဆောင်မှုကို အရှေ့တောင်အာရှ ဈေးကွက်နေရာတွေမှာ တိုးချဲ့ ဖြန့်ကြက်ဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။

အမေရိကန်ကုမ္ပဏီဟာ ၂၀၂၃ ဝန်းကျင်လောက်မှာ အင်ဒိုနီးရှား ၊ မလေးရှား ၊ ဗီယက်နမ်နဲ့ မြန်မာတို့မှာ ဝန်ဆောင်မှု ဖြန့်ကြက်သွားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

ဂြိုလ်တုအခြေပြု မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှုဟာ လအနည်းငယ်အတွင်း ဖိလစ်ပိုင်နိုင်ငံမှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

ဂြိုလ်တု အင်တာနက်ဟာ ကျွန်းအမြောက်အများနဲ့ ဖွဲ့စည်းထားတဲ့ ဒေသတွေမှာ သိသာတဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်မယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ကျွန်းစု ၇၁၀၀ ကျော်နဲ့ ဖွဲ့စည်းထားပြီး အင်ဒိုနီးရှားမှာဆို ကျွန်းပေါင်း ၁၆၀၀၀ ကျော် ရှိပါတယ်။ ဂြိုလ်တု အင်တာနက်ဟာ သမရိုးကျ အင်တာနက် ဝန်ဆောင်မှု လက်လှမ်းမမှီတဲ့ အစွန်အဖျားဒေသတွေနဲ့ ဝေးခေါင်လှတဲ့ ကျွန်းစုတွေမှာ အင်တာနက် ချိတ်ဆက်မှု လွယ်ကူ အဆင်ပြေစေမှာလည်း ဖြစ်ပါတယ်။

ဒီဝန်ဆောင်မှုဟာ မြေအောက်ပင်လယ်ကေဘယ်ဆက်ကြောင်းတွေထက် ချိတ်ဆက်ရလည်း ပိုပြီး လွယ်ကူမယ်လို့ ဆိုပါတယ်။

ဥပမာအားဖြင့် ဇန်နဝါရီလမှာ ဖြစ်ပွားခဲ့တဲ့ တွန်ဂါကျွန်းစု မီးလောင်ပေါက်ကွဲမှုကြောင့် ကေဘယ်လိုင်းတွေ ပျက်စီးပြီး ဆက်သွယ်ရေးကွန်ရက်တွေ ပြတ်တောက်သွားချိန်မှာ Starlink ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှုကြောင့် တွန်ဂါနိုင်ငံဟာ အင်တာနက်ချိတ်ဆက်မှု ပြန်ရခဲ့တဲ့ အတွေ့အကြုံကို ပြန်ညွှန်းနိုင်ပါတယ်။

Starlink ဂြိုလ်တု အင်တာနက်ဟာ Download Speed အနေနဲ့ 100Mbps ကနေ 200Mbps အထိ ထွက်တာကြောင့် တွန်ဂါရဲ့ ပုံမှန် အင်တာနက် ဝန်ဆောင်မှုထက် အများကြီး မြန်ဆန်မှု ရှိခဲ့ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ အွန်လိုင်း အသုံးအများဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားက အင်တာနက်သုံးသူတွေဟာ ပျမ်းမျှ တစ်ရက်ကို ၁၀ နာရီ နဲ့ ၈ နာရီခွဲစီ ရှိကြပြီး ဒါဟာ တစ်ကမ္ဘာလုံး ပျမ်းမျှအင်တာနက်သုံးစွဲချိန် ၇ နာရီထက်ကို များနေတာ ဖြစ်တယ်လို့လည်း ယူကေသုတေသနကုမ္ပဏီ We Are Social က ဖော်ပြပါတယ်။

မိုဘိုင်းလ်ထုတ်ကုန်တွေရဲ့ Download Speed အနေနဲ့ ဧပြီလထဲမှာ အင်ဒိုနီးရှားဟာ 17.96Mbps နဲ့ ကမ္ဘာ့အဆင့် ၁၀၀ မှာ ရှိပြီး ဖိလစ်ပိုင်ကတော့ 19.45Mbps နှုန်းနဲ့ နိုင်ငံနဲ့ ဒေသပေါင်း ၁၄၂ နိုင်ငံစာရင်းမှာ အဆင့် ၉၅ နေရာက ရပ်တည်နေပါတယ်။

ဖိလစ်ပိုင်အင်တာနက်သုံးစွဲသူတွေဟာ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု သုံးဖို့ စိတ်အားထက်သန်မှု ရှိပေမယ့် Starlink ဝန်ဆောင်မှု Plan တွေက အတော်လေး ဈေးမြောက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ Starlink ဝန်ဆောင်မှု Plan တွေဟာ တစ်လစာဟာ ဒေါ်လာ ၁၁၀ ကနေ ‌ဒေါ်လာ ၅၀၀ အထိ ရှိနေပါတယ်။ ဖိလစ်ပိုင်ရဲ့ မိုဘိုင်းအင်တာနက် Plan တချို့ကတော့ ရက် ၃၀ ဒေတာ 24GB အတွက် ဖိလစ်ပိုင်ပီဆို ၃၀၀ (မြန်မာငွေ ၁ သောင်းကျော်) နဲ့ အောက် ဈေးနဲ့ပဲ ရောင်းချနေတာ ဖြစ်ပါတယ်။

ဈေးနှုန်းကြီးမြင့်တာကြောင့် Starlink ဂြိုလ်တုအင်တာနက်ကို ကုမ္ပဏီတွေနဲ့ အစိုးရအေဂျင်စီတွေပဲ အများဆုံး အသုံးပြုမယ်လို့ ယူဆရပါတယ်။ ဆက်စပ်အကြောင်းအရာများ

Credit … Duwun Tech

Zawgyi ဖြင့်ဖတ်ရန်

ျမန္မာႏိုင္ငံမွာ Starlink ၿဂိဳလ္တုအင္တာနက္ဝန္ေဆာင္မႈ ျဖန႔္ခ်ိဖို႔ စီစဥ္ေနတဲ့ အီလြန္မတ္စ္

ျမန္မာအပါအဝင္ အေရွ႕ေတာင္အာရွေဈးကြက္ထဲ ဝင္ေရာက္ဖို႔ စီစဥ္ေနတယ္လို႔ ဆိုပါတယ္။

သူေဌးႀကီး အီလြန္မတ္စ္ပိုင္ Starlink ၿဂိဳလ္တု အေျချပဳ အင္တာနက္ ဝန္ေဆာင္မႈဟာ လာမယ့္ႏွစ္က စၿပီး ျမန္မာအပါအဝင္ အေရွ႕ေတာင္အာရွ ေဈးကြက္ထဲ ဝင္ေရာက္ဖို႔ စီစဥ္ေနတယ္လို႔ သတင္းထြက္ေနပါတယ္။

SpaceX အာကာသကုမၸဏီရဲ႕ Starlink ၿဂိဳလ္တု အင္တာနက္ဟာ ၿပီးခဲ့တဲ့ ေမလကုန္ပိုင္းကပဲ ဖိလစ္ပိုင္ႏိုင္ငံ တယ္လီကြန္းဆက္သြယ္ေရးဆိုင္ရာ အဖြဲ႕အစည္းရဲ႕ ခြင့္ျပဳခ်ရထားတာ ျဖစ္ပါတယ္။

ဖိလစ္ပိုင္ဟာ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြထဲမွာ Starlink ၿဂိဳလ္တု အင္တာနက္ ဝန္ေဆာင္မႈကို ပထမဆုံး ရယူႏိုင္တဲ့ ႏိုင္ငံ ျဖစ္လာေတာ့မွာပါ။

ကုမၸဏီအေနနဲ႔ Starlink ဝန္ေဆာင္မႈကို အေရွ႕ေတာင္အာရွ ေဈးကြက္ေနရာေတြမွာ တိုးခ်ဲ႕ ျဖန႔္ၾကက္ဖို႔လည္း စီစဥ္ေနတယ္လို႔ ဆိုပါတယ္။

အေမရိကန္ကုမၸဏီဟာ ၂၀၂၃ ဝန္းက်င္ေလာက္မွာ အင္ဒိုနီးရွား ၊ ေမလး႐ြား ၊ ဗီယက္နမ္နဲ႔ ျမန္မာတို႔မွာ ဝန္ေဆာင္မႈ ျဖန႔္ၾကက္သြားဖို႔ စီစဥ္ထားေၾကာင္းလည္း သိရပါတယ္။

ၿဂိဳလ္တုအေျချပဳ ျမန္ႏႈန္းျမင့္ အင္တာနက္ ဝန္ေဆာင္မႈဟာ လအနည္းငယ္အတြင္း ဖိလစ္ပိုင္ႏိုင္ငံမွာ အသုံးျပဳႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ၿဂိဳလ္တု အင္တာနက္ဟာ ကြၽန္းအေျမာက္အမ်ားနဲ႔ ဖြဲ႕စည္းထားတဲ့ ေဒသေတြမွာ သိသာတဲ့ အက်ိဳးေက်းဇူးေတြ ေပးစြမ္းႏိုင္မယ္လို႔ ဆိုပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံဟာ ကြၽန္းစု ၇၁၀၀ ေက်ာ္နဲ႔ ဖြဲ႕စည္းထားၿပီး အင္ဒိုနီးရွားမွာဆို ကြၽန္းေပါင္း ၁၆၀၀၀ ေက်ာ္ ရွိပါတယ္။ ၿဂိဳလ္တု အင္တာနက္ဟာ သမ႐ိုးက် အင္တာနက္ ဝန္ေဆာင္မႈ လက္လွမ္းမမွီတဲ့ အစြန္အဖ်ားေဒသေတြနဲ႔ ေဝးေခါင္လွတဲ့ ကြၽန္းစုေတြမွာ အင္တာနက္ ခ်ိတ္ဆက္မႈ ၾလယၠဴ အဆင္ေျပေစမွာလည္း ျဖစ္ပါတယ္။

ဒီဝန္ေဆာင္မႈဟာ ေျမေအာက္ပင္လယ္ေကဘယ္ဆက္ေၾကာင္းေတြထက္ ခ်ိတ္ဆက္ရလည္း ပိုၿပီး လြယ္ကူမယ္လို႔ ဆိုပါတယ္။

ဥပမာအားျဖင့္ ဇႏၷဝါရီလမြာ ျဖစ္ပြားခဲ့တဲ့ တြန္ဂါကြၽန္းစု မီးေလာင္ေပါက္ကြဲမႈေၾကာင့္ ေကဘယ္လိုင္းေတြ ပ်က္စီးၿပီး ဆက္သြယ္ေရးကြန္ရက္ေတြ ျပတ္ေတာက္သြားခ်ိန္မွာ Starlink ၿဂိဳလ္တုအင္တာနက္ ဝန္ေဆာင္မႈေၾကာင့္ တြန္ဂါႏိုင္ငံဟာ အင္တာနက္ခ်ိတ္ဆက္မႈ ျပန္ရခဲ့တဲ့ အေတြ႕အႀကဳံကို ျပန္ၫႊန္းႏိုင္ပါတယ္။

Starlink ၿဂိဳလ္တု အင္တာနက္ဟာ Download Speed အေနနဲ႔ 100Mbps ေကန 200Mbps အထိ ထြက္တာေၾကာင့္ တြန္ဂါရဲ႕ ပုံမွန္ အင္တာနက္ ဝန္ေဆာင္မႈထက္ အမ်ားႀကီး ျမန္ဆန္မႈ ရွိခဲ့ပါတယ္။

အေရွ႕ေတာင္အာရွ ႏိုင္ငံေတြဟာ ကမာၻေပၚမွာ အြန္လိုင္း အသုံးအမ္ားဆုံး ႏိုင္ငံေတြထဲမွာ ပါဝင္ေနပါတယ္။ ဖိလစ္ပိုင္နဲ႔ အင္ဒိုနီးရွားက အင္တာနက္သုံးသူေတြဟာ ပ်မ္းမွ် တစ္ရက္ကို ၁၀ နာရီ နဲ႔ ၈ နာရီၿခဲစီ ရွိၾကၿပီး ဒါဟာ တစ္ကမာၻလုံး ပ်မ္းမွ်အင္တာနက္သုံးစြဲခ်ိန္ ၇ နာရီထကၠို မ်ားေနတာ ျဖစ္တယ္လို႔လည္း ယူေကသုေတသနကုမၸဏီ We Are Social က ေဖာ္ျပပါတယ္။

မိုဘိုင္းလ္ထုတ္ကုန္ေတြရဲ႕ Download Speed အေနနဲ႔ ဧၿပီလထဲမွာ အင္ဒိုနီးရွားဟာ 17.96Mbps နဲ႔ ကမာၻ႔အဆင့္ ၁၀၀ မြာ ရွိၿပီး ဖိလစ္ပိုင္ကေတာ့ 19.45Mbps ႏႈန္းနဲ႔ ႏိုင္ငံနဲ႔ ေဒသေပါင္း ၁၄၂ ႏိုင္ငံစာရင္းမွာ အဆင့္ ၉၅ ေနရာက ရပ္တည္ေနပါတယ္။

ဖိလစ္ပိုင္အင္တာနက္သုံးစြဲသူေတြဟာ Starlink ၿဂိဳလ္တုအင္တာနက္ဝန္ေဆာင္မႈ သုံးဖို႔ စိတ္အားထက္သန္မႈ ရွိေပမယ့္ Starlink ဝန္ေဆာင္မႈ Plan ေတြက အေတာ္ေလး ေဈးေျမာက္ေနတယ္လို႔ ဆိုပါတယ္။

လက္ရွိ Starlink ဝန္ေဆာင္မႈ Plan ေတြဟာ တစႅစာဟာ ေဒၚလာ ၁၁၀ ေကန ေဒၚလာ ၅၀၀ အထိ ရွိေနပါတယ္။ ဖိလစ္ပိုင္ရဲ႕ မိုဘိုင္းအင္တာနက္ Plan တခ်ိဳ႕ကေတာ့ ရက္ ၃၀ ေဒတာ 24GB အတြက္ ဖိလစ္ပိုင္ပီဆို ၃၀၀ (ျမန္မာေငြ ၁ ေသာင္းေက်ာ္) နဲ႔ ေအာက္ ေဈးနဲ႔ပဲ ေရာင္းခ်ေနတာ ျဖစ္ပါတယ္။

ေဈးႏႈန္းႀကီးျမင့္တာေၾကာင့္ Starlink ၿဂိဳလ္တုအင္တာနက္ကို ကုမၸဏီေတြနဲ႔ အစိုးရေအဂ်င္စီေတြပဲ အမ္ားဆုံး အသုံးျပဳမယ္လို႔ ယူဆရပါတယ္။

ဆက္စပ္အေၾကာင္းအရာမ်ား

Credit … Duwun Tech

Leave a Reply

Your email address will not be published.