မိသားစုဝင်တွေ ဓားစာခံအဖြစ် အဖမ်းခံရလို့ သေကြောင်းကြံစည်တဲ့ မန္တလေးက ရှေ့နေအမျိုးသမီး ကွယ်လွန်
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ထဲက မိသားစုကို ဓားစာခံအဖြစ် စစ်အုပ်စုက ဖမ်းဆီးသွားလို့ ပိုးသတ်ဆေးသောက်
သေကြောင်းကြံစည်တဲ့ ရှေ့နေအမျိုးသမီးဟာ ဒီနေ့ညနေပိုင်းမှာ ကွယ်လွန်သွားပြီလို့ နီးစပ်သူတွေဆီက သိရပါတယ်။




စစ်အာဏာရှင်ဆန့်ကျင်ရေး ရှေ့နေသပိတ်၊ ပုသိမ်ကြီးသပိတ်တွေမှာ ပါဝင်တဲ့အပြင် PDF အဖွဲ့တွေကို ထောက်ပို့လုပ်တယ်ဆိုပြီး သတင်းပေးသူရှိတာကြောင့်




ဇွန်လ (၈)ရက် နေ့လယ်(၁)နာရီလောက်က ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာမှာရှိတဲ့ ရှေ့နေ ဒေါ်ဖြူဖြူခိုင်ရဲ့ နေအိမ်ကို စစ်အုပ်စုက စီးနင်းဝင်ရောက် ရှာဖွေခဲ့တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။အဲဒီလို ရှာဖွေစဉ်မှာ ဒေါ်ဖြူဖြူခိုင်ကို မတွေ့တဲ့အတွက် မိသားစုဝင်တွေကို နေအိမ်မှာပဲ ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ပြီး ကျောင်းသားအရွယ် မောင်ဖြစ်သူနဲ့ ညီမနှစ်ဦး၊ စုစုပေါင်း (၃)ဦးကို ဓားစားခံအဖြစ် ဖမ်းဆီးပြီး




မန္တလေး နန်းတွင်းစစ်ကြောရေးကို ပို့ဆောင်ထားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်မောင်နှမတွေ ဖမ်းဆီးခံရပြီး လေးရက်အကြာ ဇွန်လ (၁၂)ရက်အထိ သတင်းအစအန စုံစမ်းမရတဲ့အတွက် နေအိမ်က တိမ်းရှောင်နေတဲ့ အသက် (၂၉)နှစ်အရွယ် ရှေ့နေ ဒေါ်ဖြူဖြူခိုင်ဟာ ပိုးသတ်ဆေးတွေ အလွန်အကျွံသောက်ပြီး အဆုံးစီရင်ပေမယ့် အနီးမှာရှိတဲ့သူတွေက တွေ့မြင်လိုက်တဲ့အတွက် အရေးပေါ် ဆေးကုသမှု ခံယူနေရပေမယ့် တိမ်းရှောင်နေတဲ့နေရာမှာ လိုအပ်တဲ့ ဆေးဝါးကုသမှုမရလို့ ကွယ်လွန်သွားတာဖြစ်တယ်လို့ နီးစပ်သူတစ်ဦးက ပြောဆိုပါတယ်။
“ သူကတော့တာဝန်ကျေပွန်ပါတယ်၊ သူရဲ့နောက်ဆုံးဆန္ဒ သူ့မောင်နှမတွေ အမြန်ဆုံးပြန်လွတ်ပါစေ “ လို့ သူက ပြောပါတယ်။စစ်အုပ်စုဟာ သူတို့ကို ဆန့်ကျင်တော်လှန်သူတွေကို ဖမ်းဆီးလို့မရတဲ့အခါမှာ




မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးထောင်ချတာမျိုးတွေ ဆက်တိုက်ပြုလုပ်နေပြီး ဓားစာခံအဖြစ် ဖမ်းဆီးခံရစဉ် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ တော်လှန်ရေးရဲဘော်အချို့က ပြောဆိုပါတယ်။Crd
Zawgyi
မိသားစုဝင္ေတြ ဓားစာခံအျဖစ္ အဖမ္းခံရလို႔ ေသေၾကာင္းႀကံစည္တဲ့ မႏၲေလးက ေရွ႕ေနအမ်ိဳးသမီး ကြယ္လြန္MFP ၊ ဇြန္ – ၁၃မႏၲေလးၿမိဳ႕ ပုသိမ္ႀကီးၿမိဳ႕နယ္ထဲက မိသားစုကို ဓားစာခံအျဖစ္ စစ္အုပ္စုက ဖမ္းဆီးသြားလို႔ ပိုးသတ္ေဆးေသာက္ ေသေၾကာင္းႀကံစည္တဲ့ ေရွ႕ေနအမ်ိဳးသမီးဟာ ဒီေန႔ညေနပိုင္းမွာ ကြယ္လြန္သြားၿပီလို႔ နီးစပ္သူေတြဆီက သိရပါတယ္။စစ္အာဏာရွင္ဆန္႔က်င္ေရး ေရွ႕ေနသပိတ္၊ ပုသိမ္ႀကီးသပိတ္ေတြမွာ ပါဝင္တဲ့အျပင္ PDF အဖြဲ႕ေတြကို ေထာက္ပို႔လုပ္တယ္ဆိုၿပီး သတင္းေပးသူရွိတာေၾကာင့္ ဇြန္လ (၈)ရက္ ေန႔လယ္(၁)နာရီေလာက္က ပုသိမ္ႀကီးၿမိဳ႕နယ္ အုန္းေခ်ာေက်းရြာမွာရွိတဲ့ ေရွ႕ေန ေဒၚျဖဴျဖဴခိုင္ရဲ့ ေနအိမ္ကို စစ္အုပ္စုက စီးနင္းဝင္ေရာက္ ရွာေဖြခဲ့တယ္လို႔ နီးစပ္သူေတြက ဆိုပါတယ္။
အဲဒီလို ရွာေဖြစဥ္မွာ ေဒၚျဖဴျဖဴခိုင္ကို မေတြ႕တဲ့အတြက္ မိသားစုဝင္ေတြကို ေနအိမ္မွာပဲ ညႇဥ္းပန္းႏွိပ္စက္တာေတြ လုပ္ၿပီး ေက်ာင္းသားအရြယ္ ေမာင္ျဖစ္သူနဲ႔ ညီမႏွစ္ဦး၊ စုစုေပါင္း (၃)ဦးကို ဓားစားခံအျဖစ္ ဖမ္းဆီးၿပီး မႏၲေလး နန္းတြင္းစစ္ေၾကာေရးကို ပို႔ေဆာင္ထားတယ္လို႔ နီးစပ္သူေတြက ေျပာပါတယ္။ေမာင္ႏွမေတြ ဖမ္းဆီးခံရၿပီး ေလးရက္အၾကာ ဇြန္လ (၁၂)ရက္အထိ သတင္းအစအန စုံစမ္းမရတဲ့အတြက္ ေနအိမ္က တိမ္းေရွာင္ေနတဲ့ အသက္ (၂၉)ႏွစ္အရြယ္ ေရွ႕ေန ေဒၚျဖဴျဖဴခိုင္ဟာ ပိုးသတ္ေဆးေတြ အလြန္အကၽြံေသာက္ၿပီး အဆုံးစီရင္ေပမယ့္ အနီးမွာရွိတဲ့သူေတြက ေတြ႕ျမင္လိုက္တဲ့အတြက္ အေရးေပၚ ေဆးကုသမႈ ခံယူေနရေပမယ့္ တိမ္းေရွာင္ေနတဲ့ေနရာမွာ လိုအပ္တဲ့ ေဆးဝါးကုသမႈမရလို႔ ကြယ္လြန္သြားတာျဖစ္တယ္လို႔ နီးစပ္သူတစ္ဦးက ေျပာဆိုပါတယ္။“
သူကေတာ့တာဝန္ေက်ပြန္ပါတယ္၊ သူရဲ့ေနာက္ဆုံးဆႏၵ သူ႔ေမာင္ႏွမေတြ အျမန္ဆုံးျပန္လြတ္ပါေစ “ လို႔ သူက ေျပာပါတယ္။စစ္အုပ္စုဟာ သူတို႔ကို ဆန္႔က်င္ေတာ္လွန္သူေတြကို ဖမ္းဆီးလို႔မရတဲ့အခါမွာ မိသားစုဝင္ေတြကို ဓားစာခံအျဖစ္ ဖမ္းဆီးေထာင္ခ်တာမ်ိဳးေတြ ဆက္တိုက္ျပဳလုပ္ေနၿပီး ဓားစာခံအျဖစ္ ဖမ္းဆီးခံရစဥ္ ေသဆုံးမႈေတြလည္း ရွိေနတယ္လို႔ ေတာ္လွန္ေရးရဲေဘာ္အခ်ိဳ႕က ေျပာဆိုပါတယ္။Crd