







Crd
Unicode
ရွှေရူပါဦးမွေးနေ့ အာဏာရှင် ဦးနေဝင်းမြေးနဲ့ ချစ်ခင်သူတွေ တက်ရောက်
တပ်မတော်ထောက်ခံပွဲတွေနဲ့ အခမ်းအနားတွေမှာ မကြာခဏတွေ့ရတဲ့ ရွှေရူပါဦးရဲ့ မွေးနေ့ပွဲကို အာဏာရှင်ဦးနေဝင်းရဲ့မြေး ကိုအေးနေဝင်းလည်း တက်ရောက်လာတယ်လို့ သိရပါတယ်။




ဇွန်လ ၈ ရက်မှာ ကျရောက်တဲ့ ရွှေရူပါဦးရဲ့ ၂၁ နှစ်မြောက်မွေးနေ့ပွဲကို သူ့ကိုချစ်ခင်တဲ့ မိတ်ဆွေတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့တာဖြစ်ပြီး အဲဒီ့ပုံရိပ်တွေကို လူမှုကွန်ရက်မှာ မျှဝေခဲ့တာပါ။
အဲဒီပွဲမှာ ကိုအေးနေဝင်းက ရွှေရူပါဦးအတွက် မွေးနေ့ဆုတောင်း အမှတ်တရစကားပြောခဲ့တယ်လို့လည်း သိရပါတယ်။




ဒါ့အပြင် အဲဒီမွေးနေ့ပွဲကို နစက ဝါဒဖြန့်နေ့တဲ့ Myanmar Hard Talk ရဲ့ အယ်ဒီတာချုပ်ဆိုသူ ဦးအောင်မင်းလည်းတက်ရောက်ခဲ့တာ တွေ့ရသလို ပြည်တွင်းက နစက ဝါဒဖြန့်နေတဲ့ မီဒီယာတချို့ကလူတွေလည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
Crd