အံ့ဖွယ်..ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာဘုန်းကြီး၊သီလရှင်မြို့တော်…

News

အံ့ဖွယ်..ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာဘုန်းကြီး၊သီလရှင်မြို့တော်…

ဘုန်းကြီးမြို့တော်ဟုနာမည်ပေးထားသောလည်း တကယ်တော့ ဗုဒ္ဓဘာသာ အကယ်ဒမီ ၊ စာသင်တိုက်များဖြစ်ပါသည်။

လူနေအိမ်များ မဟုတ်အနီရောင်တဲအိမ်များဖြင့်တည်ဆောက်ထာသည့်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တဲကျောင်းများသာဖြစ်သည်။

အဓိက မိမိတုိ့လေ့လာလိုသည့် ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဒများကိုသာလေ့လာခွင့်ရှိသည်။

အချို့ဘုန်းကြီးများကလည်း စကားမပြောဘဲ ဝစီပိတ်ကျင့်ကြံကြ၏။

အလွန်သာယာပြီး သူတော်ကောင်းတုိ့ရဲ့ ဓမ္မစာပေများသာကြားရပြီးဆဲဆိုသံ ရန်ဖြစ်သံမကြားဘဲ အလွန်အေးချမ်းပြီး တိက်စိက်ငြိမ်သက်လှပါသည်။

အလွန်အံ့ဩစရာနေရာတခုလည်းဖြစ်ပါတယ်။တရုပ်နိုင်ငံ ၊ ချန်ဒူမြို့မှမိုင် ၃၇၀ အကွာရှိလာရန်ဂါတောင်ကြားတွင်

ဘုန်းတော်ကြီး နှင့်သီလရှင် အပါး ၄၀၀၀၀လေးသောင်းကျော်သီတင်းသုံးနေကြပါတယ်။

ဘုန်းတော်ကြီး နှင့် သီလရှင် များတို့ရဲ့နေထိုင်ရာနဲ့ ကျောင်းကြားတွင်လမ်းမကြီး ဖြင့်စည်းခြားထားပါတယ်။

ထိုဗုဒ္ဓဘာသာ ဘုန်းကြီးမြို့တော်ကိုထင်ရှားသည့် ယင်မာ လာမာ ဘုန်းတော်ကြီး တစ်ပါးဖြစ်သူဂျစ်မီဖန့်ဆော့စ်က လူနေထိုင်ခြင်းမရှသည့် တောင်ကြား၌ ၁၉၈၀တွင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဝေးလံ ခေါင်သီသည့် ဒေသတွင်ရှိသော်လည်း လရန်ဂါ အကယ်ဒမီ မှာ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာအခြေချနယ်မြေဖြစ်လာခဲ့သည်။

ချန်ဒူမြို့မှ မိုင် ၃၇၀ အကွာဆာတာဒေသရှိထို ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမြို့တော်သုိ့ သွားရောက်လိုပါက နာရီ ၂ဝ ကြာ ခရီးကိုဖြက်သန်းရမည်ဖြစ်ပါသည်။

သာယာလှပသည့် ထို ဒေသတွင် တီဗီများကို ပိတ်ပင်ထားပြီး ဘုန်းတော်ကြီးနှင့်သီလရှင် များဘာသာရေးစာပေများ လေ့လာသင်ယူခြင်း ဘုရား ရှိခိုးတုိ့ဖြင့် ကောင်းကျိုးရရှိရန် နေထိုင်ကြသည်။

ထို ဗုဒ္ဓဘာသာ ဘုန်းကြီးမြို့တွင် တရုတ် လူမျိူး စာသင်သားများအပြင် ထိုင်ဝမ် ၊ တိဘက် ၊ဟောင်ကောင် ၊ စင်ကာပူ ၊ မလေးရှား မှစာသင်သားများပါသင်ကြားလျှက်ရှိသည်။

Credit

အံ့ဖွယ်..ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာဘုန်းကြီး၊သီလရှင်မြို့တော်…



အဓိက မိမိတို့လေ့လာလိုသည့် ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဒများကိုသာလေ့လာခွင့်ရှိသည်။


အလွန်သာယာပြီး သူတော်ကောင်းတို့ရဲ့ ဓမ္မစာပေများသာကြားရပြီးဆဲဆိုသံ ရန်ဖြစ်သံမကြားဘဲ အလွန်အေးချမ်းပြီး တိက်စိက်ငြိမ်သက်လှပါသည်။






ချန်ဒူမြို့မှ မိုင် ၃၇၀ အကွာဆာတာဒေသရှိထို ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမြို့တော်သို့ သွားရောက်လိုပါက နာရီ ၂ဝ ကြာ ခရီးကိုဖြက်သန်းရမည်ဖြစ်ပါသည်။

သာယာလှပသည့် ထို ဒေသတွင် တီဗီများကို ပိတ်ပင်ထားပြီး ဘုန်းတော်ကြီးနှင့်သီလရှင် များဘာသာရေးစာပေများ လေ့လာသင်ယူခြင်း ဘုရား ရှိခိုးတို့ဖြင့် ကောင်းကျိုးရရှိရန် နေထိုင်ကြသည်။

ထို ဗုဒ္ဓဘာသာ ဘုန်းကြီးမြို့တွင် တရုတ် လူမျိုး စာသင်သားများအပြင် ထိုင်ဝမ် ၊ တိဘက် ၊ဟောင်ကောင် ၊ စင်ကာပူ ၊ မလေးရှား မှစာသင်သားများပါသင်ကြားလျှက်ရှိသည်။

Credit

Leave a Reply

Your email address will not be published.