NUG တွင် PDF တပ်ရင်း ၂၅၇ ခုနှင့် ချိတ်ဆက်နေသော တော်လှန်ရေးအဖွဲ့ ၅၀၀ ရှိလာပြီဖြစ်၍ ရန်သူစစ်ကောင်စီကို ချေမှုန်းသိမ်းပိုက်ရေး ပြင်ဆင်ရန် သမ္မတက ညွှန်ကြား
ရန်ကုန်၊ ဇွန် ၁၄
အမျိုးသားညီညွတ်ရေးအစိုးရNUG ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် PDF တပ်ရင်းပေါင်း ၂၅၇ ခုရှိလာပြီ ဖြစ်ပြီး ချိတ်ဆက်နေသော တော်လှန် ရေးအဖွဲ့ ၅၀၀ ခန့်ရှိလာပြီဖြစ်၍ ရန်သူစစ်ကောင်စီကို ချေမှုန်း သိမ်းပိုက်ရေး ပြင်ဆင်ကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက ညွှန်ကြားလိုက်သည်။




ယနေ့ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆို ညွှန်ကြား လိုက်ခြင်းဖြစ်သည်။
‘မနှစ်တုန်းကတော့ Formation ကိုတော်တော်လုပ်ဆောင်ခဲ့ပြီး ဖြစ်တဲ့အတွက် ၂၀၂၂ ကိုတော့ ကျနော်တို့ စစ်ရေးနဲ့ ကျန်တဲ့ကိစ္စရပ်များမှာ အခြေခိုင်အောင်တည် ဆောက်တဲ့ ကာလဖြစ်တဲ့အားလျော်စွာ PDFများလည်း တပ်ရင်းပေါင်း ၂၅၇ ရင်းခန့်ရှိလာပြီ ဖြစ်ကြောင်းသိရပါတယ်။ ဒါအပြင် MOD နဲ့ချိတ် ဆက်ပြီးတော့ပါဝင်နေတဲ့ Local PDF လည်း ၅၀၀ခန့် ရှိလာပြီဖြစ်ကြောင်းသိရပါတယ်။ ဒီ့ထက်ပိုပြီးလည်း Chain of Command တွေကောင်းကောင်း ရ အောင် ဒါ့အပြင် တစ်ဆင့်တက်ပြီး ရန်သူကိုချေမှုန်းသိမ်းပိုက်နိုင်ဖို့ ပြင်ဆင်ကြ ရမှာဖြစ်ပါတယ်’ ဟု သမ္မတက ပြောဆိုသည်။
ထို့ပြင်မင်းအောင်လှိုင်က လိမ်ညာရန် ပြင်ထားသည့် ရွေးကောက်ပွဲကို ချေဖက်နိုင်ရေး နိုင်ငံရေး၊ စစ်ရေး နည်းလမ်း၂ ခုလုံးဖြင့် ဆောင်ရွက်ရမည်ဟု သမ္မတက ပြောဆိုသည်။




‘၂၀၂၃ တွင် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီမှ လိမ်ညာပြီး ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝချေဖျက်နိုင်အောင် နိုင်ငံရေး စစ်ရေး ၂ခုစလုံးဖြင့် လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်ဖို့ အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ ဒါဟာသက် ဆိုင် ရာ ဌာနအားလုံး ကတာဝန်ရှိတာဖြစ် ပါတယ်။ မိမိတို့အနေနှင့် MOD မဟုတ်တဲ့ အတွက် မလိုအပ်ဟုမတွေးဘဲ အစိုးရ တစ်ခုလုံးက မင်းအောင်လှိုင်နှင့် စစ်အုပ်စုအားချေမှုန်းဖို့ အဓိကဖြစ်သည့်အတွက် ဌာနအားလုံး စည်းရုံးပေးရမယ်၊ လူထုကိုအသိ ပေးရမယ်၊ အားပေးရမှာဖြစ်တယ်’ ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
ဓာတ်ပုံ- စစ်စခန်းများကို စစ်ဆေးနေသော NUG သမ္မတ။
Crd
Unicode
NUG တြင္ PDF တပ္ရင္း ၂၅၇ ခုႏွင့္ ခ်ိတ္ဆက္ေနေသာ ေတာ္လွန္ေရးအဖြဲ႕ ၅၀၀ ရွိလာၿပီျဖစ္၍ ရန္သူစစ္ေကာင္စီကို ေခ်မႈန္းသိမ္းပိုက္ေရး ျပင္ဆင္ရန္ သမၼတက ညႊန္ၾကား
ရန္ကုန္၊ ဇြန္ ၁၄
အမ်ိဳးသားညီညြတ္ေရးအစိုးရNUG ၊ ကာကြယ္ေရးဝန္ႀကီးဌာန လက္ေအာက္တြင္ PDF တပ္ရင္းေပါင္း ၂၅၇ ခုရွိလာၿပီ ျဖစ္ၿပီး ခ်ိတ္ဆက္ေနေသာ ေတာ္လွန္ ေရးအဖြဲ႕ ၅၀၀ ခန႔္ရွိလာၿပီျဖစ္၍ ရန္သူစစ္ေကာင္စီကို ေခ်မႈန္း သိမ္းပိုက္ေရး ျပင္ဆင္ၾကရန္ NUG ယာယီသမၼတ ဒူဝါလရွီးလက ညႊန္ၾကားလိုက္သည္။




ယေန႔ အစိုးရအဖြဲ႕အစည္းအေဝးတြင္ ၎က အထက္ပါအတိုင္းေျပာဆို ညႊန္ၾကား လိုက္ျခင္းျဖစ္သည္။
‘မႏွစ္တုန္းကေတာ့ Formation ကိုေတာ္ေတာ္လုပ္ေဆာင္ခဲ့ၿပီး ျဖစ္တဲ့အတြက္ ၂၀၂၂ ကိုေတာ့ က်ေနာ္တို႔ စစ္ေရးနဲ႔ က်န္တဲ့ကိစၥရပ္မ်ားမွာ အေျခခိုင္ေအာင္တည္ ေဆာက္တဲ့ ကာလျဖစ္တဲ့အားေလ်ာ္စြာ PDFမ်ားလည္း တပ္ရင္းေပါင္း ၂၅၇ ရင္းခန႔္ရွိလာၿပီ ျဖစ္ေၾကာင္းသိရပါတယ္။ ဒါအျပင္ MOD နဲ႔ခ်ိတ္ ဆက္ၿပီးေတာ့ပါဝင္ေနတဲ့ Local PDF လည္း ၅၀၀ခန႔္ ရွိလာၿပီျဖစ္ေၾကာင္းသိရပါတယ္။ ဒီ့ထက္ပိုၿပီးလည္း Chain of Command ေတြေကာင္းေကာင္း ရ ေအာင္ ဒါ့အျပင္ တစ္ဆင့္တက္ၿပီး ရန္သူကိုေခ်မႈန္းသိမ္းပိုက္နိုင္ဖို႔ ျပင္ဆင္ၾက ရမွာျဖစ္ပါတယ္’ ဟု သမၼတက ေျပာဆိုသည္။
ထို႔ျပင္မင္းေအာင္လွိုင္က လိမ္ညာရန္ ျပင္ထားသည့္ ေရြးေကာက္ပြဲကို ေခ်ဖက္နိုင္ေရး နိုင္ငံေရး၊ စစ္ေရး နည္းလမ္း၂ ခုလုံးျဖင့္ ေဆာင္ရြက္ရမည္ဟု သမၼတက ေျပာဆိုသည္။




‘၂၀၂၃ တြင္ မင္းေအာင္လွိုင္ဦးေဆာင္ေသာ စစ္ေကာင္စီမွ လိမ္ညာၿပီး က်င္းပမည့္ ေရြးေကာက္ပြဲကို လုံးဝေခ်ဖ်က္နိုင္ေအာင္ နိုင္ငံေရး စစ္ေရး ၂ခုစလုံးျဖင့္ လုပ္ေဆာင္နိုင္ဖို႔ ျပင္ဆင္ဖို႔ အေရးႀကီးတဲ့ အခ်ိန္ျဖစ္ပါတယ္။ ဒါဟာသက္ ဆိုင္ ရာ ဌာနအားလုံး ကတာဝန္ရွိတာျဖစ္ ပါတယ္။ မိမိတို႔အေနႏွင့္ MOD မဟုတ္တဲ့ အတြက္ မလိုအပ္ဟုမေတြးဘဲ အစိုးရ တစ္ခုလုံးက မင္းေအာင္လွိုင္ႏွင့္ စစ္အုပ္စုအားေခ်မႈန္းဖို႔ အဓိကျဖစ္သည့္အတြက္ ဌာနအားလုံး စည္း႐ုံးေပးရမယ္၊ လူထုကိုအသိ ေပးရမယ္၊ အားေပးရမွာျဖစ္တယ္’ ဟု ယာယီသမၼတ ဒူဝါလရွီးလက ေျပာဆိုသည္။
ဓာတ္ပုံ- စစ္စခန္းမ်ားကို စစ္ေဆးေနေသာ NUG သမၼတ။
Crd