“ဝက္လက္တြင္ က်ဆုံးခဲ့ရသည့္ ဗိုလ္သံမဏိမွာ ရခိုင္ေခါင္းေဆာင္ ရဲေဘာ္ေက်ာ္ျမ၏ သားျဖစ္ေန”
စစ္ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕နယ္တြင္ ဇြန္လ(၉)ရက္ေန႔က အာဏာသိမ္းစစ္ေကာင္စီတပ္ႏွင့္ တိုက္ပြဲအတြင္း က်ဆုံးသြားခဲ့သည့္ ဗိုလ္သံမဏိမွာ ဗမာျပည္ကြန္ျမဴနစ္ပါတီ ေပါလစ္ဗ်ဴ႐ိုအဖြဲ႕ဝင္ႏွင့္ ရခိုင္ျပည္နယ္ေခါင္းေဆာင္ ရဲေဘာ္ေက်ာ္ျမ၏ အငယ္ဆုံးသားျဖစ္ေၾကာင္း သိရသည္။




ရဲေဘာ္ေက်ာ္ျမသည္ ၿဗိဟ္သွ် ကိုလိုနီအစိုးရကို ဆန႔္က်င္ေသာ ၁၉၃၆ ခုႏွစ္ ဒုတိယေက်ာင္းသားသပိတ္တြင္ ရခိုင္ေက်ာင္းသားမ်ားကို ဦးေဆာင္ခဲ့သူ၊ ကြန္ျမဴနစ္ပါတီ (ဗမာျပည္)ကို သီးျခားဖြဲ႕စည္းခဲ့ရာတြင္ သူသည္ သခင္သန္းထြန္းဦးေဆာင္သည့္ ဗမာျပည္ကြန္ျမဴနစ္ပါတီ၌သာ ဆက္လက္လုပ္ကိုင္ၿပီး ကြန္ျမဴနစ္ပါတီ၏ လက္နက္ကိုင္ေတာ္လွန္ေရး ဆင္ႏႊဲရာသို႔ လိုက္ပါခဲ့သူျဖစ္သည္။
ဒါ့အျပင္ ဗမာျပည္ကြန္ျမဴနစ္ပါတီ CPB ရခိုင္ျပည္နယ္ကို တည္ေထာင္ခဲ့ရာ ရခိုင္ျပည္နယ္အတြင္းေရးမႉးအျဖစ္ တာဝန္ယူခဲ့ၿပီး CPB ရခိုင္ျပည္နယ္၏ အဓိက ေခါင္းေဆာင္တစ္ဦးလည္း ျဖစ္ခဲ့သည္။




ယခု စစ္ေကာင္စီႏွင့္တိုက္ပြဲတြင္ က်ဆုံးခဲ့ရသည့္ ဗိုလ္သံမဏိသည္ ေ႐ႊဘိုျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွ ေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး အင္အား ၁၅၀ ခန႔္ပါရွိသည့္ စစ္ေကာင္စီစစ္ေၾကာင္း ႏွင့္ တိုက္ပြဲျဖစ္ကာ အျခားေျပာက္က်ားတပ္ဖြဲ႕ဝင္ ႏွစ္ဦးႏွင့္အတူ က်ဆုံးခဲ့ရသည္။
တိုက္ပြဲတြင္ က်ဆုံးခဲ့သည့္ ဗိုလ္သံမဏိသည္ အသက္ ၆၀ ႏွစ္ခန႔္အ႐ြယ္ရွိၿပီး ၈၈ အေရးခင္းျဖစ္စဥ္ကတည္းက တက္ႂကြလုပ္ရွားခဲ့သူျဖစ္သည္။ က်န္ရဲေဘာ္ႏွစ္ဦးမွာ အသက္ ၂၀ ႏွစ္ခန႔္အ႐ြယ္ရွိေၾကာင္း သိရသည္။
Credit
Unicode
“ဝက်လက်တွင် ကျဆုံးခဲ့ရသည့် ဗိုလ်သံမဏိမှာ ရခိုင်ခေါင်းဆောင် ရဲဘော်ကျော်မြ၏ သားဖြစ်နေ”
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဇွန်လ(၉)ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သည့် ဗိုလ်သံမဏိမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်နှင့် ရခိုင်ပြည်နယ်ခေါင်းဆောင် ရဲဘော်ကျော်မြ၏ အငယ်ဆုံးသားဖြစ်ကြောင်း သိရသည်။




ရဲဘော်ကျော်မြသည် ဗြိဟ်သျှ ကိုလိုနီအစိုးရကို ဆန့်ကျင်သော ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်တွင် ရခိုင်ကျောင်းသားများကို ဦးဆောင်ခဲ့သူ၊ ကွန်မြူနစ်ပါတီ (ဗမာပြည်)ကို သီးခြားဖွဲ့စည်းခဲ့ရာတွင် သူသည် သခင်သန်းထွန်းဦးဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၌သာ ဆက်လက်လုပ်ကိုင်ပြီး ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရာသို့ လိုက်ပါခဲ့သူဖြစ်သည်။
ဒါ့အပြင် ဗမာပြည်ကွန်မြူနစ်ပါတီ CPB ရခိုင်ပြည်နယ်ကို တည်ထောင်ခဲ့ရာ ရခိုင်ပြည်နယ်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး CPB ရခိုင်ပြည်နယ်၏ အဓိက ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့သည်။




ယခု စစ်ကောင်စီနှင့်တိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ဗိုလ်သံမဏိသည် ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အင်အား ၁၅၀ ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်း နှင့် တိုက်ပွဲဖြစ်ကာ အခြားပြောက်ကျားတပ်ဖွဲ့ဝင် နှစ်ဦးနှင့်အတူ ကျဆုံးခဲ့ရသည်။
တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ဗိုလ်သံမဏိသည် အသက် ၆၀ နှစ်ခန့်အရွယ်ရှိပြီး ၈၈ အရေးခင်းဖြစ်စဉ်ကတည်းက တက်ကြွလုပ်ရှားခဲ့သူဖြစ်သည်။ ကျန်ရဲဘော်နှစ်ဦးမှာ အသက် ၂၀ နှစ်ခန့်အရွယ်ရှိကြောင်း သိရသည်။
Credit