ယနေ့ ရုံးချိန်းတွင်ပြည်သူတွေကိုတကူးတကအလေးထားမှာကြား လိုက်တဲ့ အမေစု

News

ယနေ့ ရုံးချိန်းတွင်ပြည်သူတွေကိုတကူးတကအလေးထားမှာကြား လိုက်တဲ့ အမေစု

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအားလုံးကို မေတ္တာပို့သပေးနေကြောင်း၊ တစ်ယောက်နှင့်တစ်ယောက်ကူညီရန်လိုကြောင်းနှင့် အားလုံးစည်းလုံးညီညွတ်ကြရန်လိုကြောင်း ယနေ့ (ဇွန်လ ၁၃ ရက်နေ့) တရားရုံးထုတ်တွင် ပြောကြားခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယနေ့ ရုံးချိန်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတဦးဝင်းမြင့်တို့ကို စွပ်စွဲထားသည့် ရဟတ်ယာဉ်အမှု ငါးမှုထဲမှ ရဟတ်ယာဉ်ဝယ်ယူမှုနှင့် ပတ်သတ်သည့်အမှု နှစ်မှုကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုတွင်တရားလိုဘက်က ပြီးခဲ့သည့်ရုံးချိန်းနှစ်ချိန်းစလုံးတွင် မတင်ပြနိုင်ခဲ့သည့် အစိုးရနှင့် ကုမ္ပဏီအကြား ရဟတ်ယာဉ် ဝယ်ယူမှုနှင့် ပတ်သတ်သည့် မြန်မာဘာသာ ပြန်ဆိုထားသည့် စာချုပ်ကို ယနေ့ ရုံးချိန်းတွင် တင်ပြခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ရဟတ်ယာဉ်ငှားရမ်းခြင်း၊ နိုင်ငံတော်ပိုင်ရဟတ်ယာဉ်တစ်စီး ဝယ်ယူခြင်းတို့နှင့် ပတ်သတ်ပြီး အဂတိအမှု ငါးမှုဖြင့် စွပ်စွဲထားခြင်းဖြစ်သည်။

အဆိုပါ အမှုများကို အပတ်စဉ်တနင်္လာနေ့တိုင်းနေပြည်တော်ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်ပြီး ယနေ့ ရုံးချိန်းတက်ရောက်လာသည့် စွပ်စွဲခံရသူ နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။

Crd

Unicode

ယနေ့ ရုံးချိန်းတွင်ပြည်သူတွေကိုတကူးတကအလေးထားမှာကြား လိုက်တဲ့ အမေစု

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ေဒၚေအာင္ဆန္းစုၾကည္က ျပည္သူမ်ားအားလုံးကို ေမတၱာပို႔သေပးေနေၾကာင္း၊ တစ္ေယာက္ႏွင့္တစ္ေယာက္ကူညီရန္လိုေၾကာင္းႏွင့္ အားလုံးစည္းလုံးညီညြတ္ၾကရန္လိုေၾကာင္း ယေန႔ (ဇြန္လ ၁၃ ရက္ေန႔) တရား႐ုံးထုတ္တြင္ ေျပာၾကားခဲ့သည္ဟု တရား႐ုံးႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

ယေန႔ ႐ုံးခ်ိန္းတြင္ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ သမၼတဦးဝင္းျမင့္တို႔ကို စြပ္စြဲထားသည့္ ရဟတ္ယာဥ္အမႈ ငါးမႈထဲမွ ရဟတ္ယာဥ္ဝယ္ယူမႈႏွင့္ ပတ္သတ္သည့္အမႈ ႏွစ္မႈကို စစ္ေဆးခဲ့ျခင္းျဖစ္သည္။

အဆိုပါအမႈတြင္တရားလိုဘက္က ၿပီးခဲ့သည့္႐ုံးခ်ိန္းႏွစ္ခ်ိန္းစလုံးတြင္ မတင္ျပနိုင္ခဲ့သည့္ အစိုးရႏွင့္ ကုမၸဏီအၾကား ရဟတ္ယာဥ္ ဝယ္ယူမႈႏွင့္ ပတ္သတ္သည့္ ျမန္မာဘာသာ ျပန္ဆိုထားသည့္ စာခ်ဳပ္ကို ယေန႔ ႐ုံးခ်ိန္းတြင္ တင္ျပခဲ့ေၾကာင္း သိရသည္။

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတဦးဝင္းျမင့္တို႔ကို သဘာဝေဘးအႏၲရာယ္ ကာကြယ္ေရးလုပ္ငန္းမ်ားေဆာင္ရြက္ရန္ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈရန္ပုံေငြမွ ရဟတ္ယာဥ္ငွားရမ္းျခင္း၊ နိုင္ငံေတာ္ပိုင္ရဟတ္ယာဥ္တစ္စီး ဝယ္ယူျခင္းတို႔ႏွင့္ ပတ္သတ္ၿပီး အဂတိအမႈ ငါးမႈျဖင့္ စြပ္စြဲထားျခင္းျဖစ္သည္။

အဆိုပါ အမႈမ်ားကို အပတ္စဥ္တနလၤာေန႔တိုင္းေနျပည္ေတာ္ေကာင္စီဝန္းအတြင္းရွိ အထူးတရား႐ုံးတြင္ ႐ုံးထုတ္စစ္ေဆးေနျခင္းျဖစ္ၿပီး ယေန႔ ႐ုံးခ်ိန္းတက္ေရာက္လာသည့္ စြပ္စြဲခံရသူ ႏွစ္ဦးစလုံး က်န္းမာေရးေကာင္းမြန္ေၾကာင္း သိရသည္။

Crd

Leave a Reply

Your email address will not be published.