သူကိုယ်တိုင်ခန့်ပြီး သူကိုယ်တိုင်ရပ်စဲကြောင်း ကြေညာ

News

သူကိုယ်တိုင်ခန့်ပြီး သူကိုယ်တိုင်ရပ်စဲကြောင်း ကြေညာ
MC (13 Jun 2022)

“စစ်ကောင်စီခန့်အပ်ထားသည့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး အား တာဝန်မှရပ်စဲ”

May be an image of 1 person and standing

မေဘယ်လ်သူ

စစ်ကောင်စီမှခန့်အပ်ထားသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သန်းဦး အား တာဝန်မှရပ်စဲလိုက်သည်ဟု သိရသည်။

ဇွန်လ ၁၀ရက်မှ စတင်ကာ တာဝန်မှရပ်စဲလိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီမှ ယနေ့ ဇွန်လ ၁၃ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ တာဝန်မှရပ်စဲရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ရပ်စဲခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သန်းဦး အား ယခုနှစ် မတ်လ ၂၃ ရက်တွင် ဖမ်းဆီးခံခဲ့ရကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

သတင်းများထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ တာဝန်မှရပ်စဲကြောင်း တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုစဥ်က ၎င်းအား ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ မြေယာကိစ္စများနှင့် ပတ်သက်မှုရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီခန့်အပ်ထားသည့် ဦးအောင်သန်းဦးသည် ကြံ့ဖွံ့ပါတီအမတ်လောင်းတစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် သန်လျင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည်။

Mizzima (13 Jun 2022)

Crd

Unicode

သူကိုယ္တိုင္ခန္႔ၿပီး သူကိုယ္တိုင္ရပ္စဲေၾကာင္း ေၾကညာ
MC (13 Jun 2022)

“စစ္ေကာင္စီခန႔္အပ္ထားသည့္ ရန္ကုန္တိုင္း အစိုးရအဖြဲ႕ စီးပြားေရးရာဝန္ႀကီး ဦးေအာင္သန္းဦး အား တာဝန္မွရပ္စဲ”

ေမဘယ္လ္သူ

စစ္ေကာင္စီမွခန႔္အပ္ထားသည့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ စီးပြားေရးရာဝန္ႀကီးဌာန ဝန္ႀကီး ဦးေအာင္သန္းဦး အား တာဝန္မွရပ္စဲလိုက္သည္ဟု သိရသည္။

ဇြန္လ ၁၀ရက္မွ စတင္ကာ တာဝန္မွရပ္စဲလိုက္ေၾကာင္း အာဏာသိမ္းစစ္ေကာင္စီမွ ယေန႔ ဇြန္လ ၁၃ရက္ ရက္စြဲျဖင့္ ထုတ္ျပန္ေၾကညာခဲ့သည္။

ထိုသို႔ တာဝန္မွရပ္စဲရာတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၁၉ အရ ရပ္စဲျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ စီးပြားေရးရာဝန္ႀကီးဌာန ဝန္ႀကီး ဦးေအာင္သန္းဦး အား ယခုႏွစ္ မတ္လ ၂၃ ရက္တြင္ ဖမ္းဆီးခံခဲ့ရေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့သည္။

သတင္းမ်ားထြက္ေပၚၿပီးေနာက္ ယခုကဲ့သို႔ တာဝန္မွရပ္စဲေၾကာင္း တရားဝင္ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ထိုစဥ္က ၎အား ဖမ္းဆီးျခင္းႏွင့္ပတ္သက္၍ ေျမယာကိစၥမ်ားႏွင့္ ပတ္သက္မႈရွိေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့သည္။

အၾကမ္းဖက္စစ္ေကာင္စီခန႔္အပ္ထားသည့္ ဦးေအာင္သန္းဦးသည္ ႀကံ့ဖြံ့ပါတီအမတ္ေလာင္းတစ္ဦးျဖစ္ၿပီး ၂၀၂၀ ေရြးေကာက္ပြဲတြင္ သန္လ်င္ၿမိဳ႕နယ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ရႈံးနိမ့္ခဲ့သည္။

Mizzima (13 Jun 2022)

Crd

Leave a Reply

Your email address will not be published.