ကမ္ဘာ့မီဒီယာ BBC နှင့် Dr. ဆာဆာ Interview အားတက် အားရစရာ သတင်းများ

News

ကမ္ဘာ့မီဒီယာ BBC နှင့် Dr. ဆာဆာ Interview အားတက် အားရစရာ သတင်းများ

(၁)မေးခွန်း == ကျမ ပထမဆုံးမေးချင်တာက Dr. ဆာဆာ အနေဖြင့် ဘာကြောင့် စစ်အစိုးရလို့ မသုံးနူန်ူးပဲ စစ်အာဏာရူး အုပ်စုလို့ သုံးနူန်း ခေါ်ဆိုရသလဲ?ဖြေ== ဒါကတော့ ထွေးထွေးထူးထူးပြောစရာမလိုပါဘူး သူတို့ အုပ်စုက အာဏာရူးလွန်းလို့ ကျွန်တော်တို့ ပြည်သူတွေရဲ့ မဲ (vote) တွေတောင် လေးစားမူမရှိနိုင်တော့ပဲမြန်မာပြည်သူရဲ့ အနိုင်ရ မဲတွေကို မျက်ကွယ်ပြုပြီး နက်လက်အားကိုးနှင့် တိုင်ပြည်အာဏာကို လုယူကြတာလေ ဒါကြောင့် အာဏာရူးအုပ်လို့ ခေါ်တာလွန်မယ်မထင်ပါဘူး။

(2)မေးခွန်း== အခုဆိုရင် Dr. ဆာဆာတို့ဘက်က ပြည်သူ့ ကာကွယ်ရေးတပ်တွေက တဖြေးဖြေးနှင့် အားကောင်းလာတာ ကြားရ၊ တွေ့ရတယ်။အဖြေ== အမှန်တကယ်ပြောရမယ်ဆိုရင် ကျွန်တော်တို့အခြေနေ အစတုန်းက နိုင်ငံရေးဟာ နိုင်ငံရေးနှင့်ပဲ သွားချင်တာပါ သံတမန်နည်းနှင့်ပဲ လုပ်ချင်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည် ထိုနည်းအတူပါပဲ။ အစကတုန်းက ကျွန်တော်တို့ သွားတဲ့ လမ်းကြောင်းက တစ်ကမ္ဘာလုံး သိမြင်ကြတယ်မဟုတ်လား။ ဒါပေမယ့် အာဏာရူးအုပ်က နိုင်ငံရေးလည် နားမလည်ကြဘူး။ သံတမန်နည်းလည် မသိညကဘူး။

ဒါကြောင့် ပြည်သူ့ ကာကွယ်ရေးတပ် ပေါ်ပေါက်လာတာပါ။ အင်အားကြီးလာတာကတော့မဆန်းပါဘူး ဒါကကျွန်တော့် တိုင်းရင်းသားပေါင်းစုံပြည်သူ့ အင်အားပဲလေ အာဏာရူးအုပ်ကို မြန်မာပြည်လူထုက လုံးဝလက်မခံနိုင်ဘူးဆိုတာ သက်သေပြလိုက်တာပဲ။ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က Federal တပ်မတော်ရဲ့ ခြေလှမ်းပါပဲ။

စစ်ရေးအရဆိုရင် တူမီးသေနတ်ကိုင်တဲ့ မင်းတပ် မြို့သေးသေးလေးကိုတောင် မနိုင်လို့ မြေပြင်မှာ မယှဉ်နိုင်လို့ လက်နက်ကြီးတွေ လေယှဉ် တွေနှင့် ပြီး တိုက်ကြတာလေအခုသူတို့ သုံးနေတဲ့ လက်နက်တွေက နှစ်ပေါင်း (၆၀ )ကျော်ပြည်သူတွေ ငွေနှင့် လက်နက်တွေ စုဆောင်းထာပြီး ပြည်သူတွေကို အဲဒီလက်နက်တွေနှင့်ပဲပြန်သတ်နေတယ်။ ဒါပေမယ့် မကြာတော့ပါဘူး ပြည်သူတွေအလည့်ရောက်လာတော့မှာပါ။

(3)မေးခွန်း== တစ်စက်ထဲမှာပဲ Generation-Z တွေကလည် လူတွေအများကြီး အသတ်ခံ၊အဖမ်းခံရတဲ့ကြားကမကြောက်မလန့်ပဲရှေ့ဆက်တိုးလာနေကြတယ်။သူတို့ကိုကြည့်ရတာ မြန်မာ့ဒီမိုကရေစီတိုက်ပွဲနိုင်ကိုနိုင်ရမယ် မြန်မာ့ နွေဦးတော်လှန်ရေးဟာ အောင်ကိုအောင်ရမည်ဆိုတဲ့ ယုံကြည်ချက်အခိုင်အမာရှိကြပုံရတယ်။ ဒါကို Dr. ဆာဆာအနေနဲ့ ဘယ်လိုမြင်မိပါသလဲ?

အဖြေ== Generation-Z တွေဆိုတာ မြန်မာပြည်ရဲ့ အနာဂတ်လူငယ်တွေပါသူတို့ဟာ မြန်မာပြည်ရဲ့ သူရဲကောင်းတွေပါ။ သူတို့က အသက်တစ်ချောင်းပဲရှိတာကို မြန်မာ ပြည်သူလူထုအတွက် အမှန်တရားအတွက် စတေးရဲကြတဲ့ ရဲရင့် ၊သတ္တိရှိတဲ့ လူငယ်တွေပါ။ သူတို့ဟာ မြန်မာပြည်ရဲ့အနာဂတ်မှာ ပြည်သူချစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်တွေဖြစ်လာမည် ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာကြမှာပါ။
G-z တွေရဲ့ ယုံကြည်ချက်က မှန်ကန်ပါတယ် မကြာမှီ မြန်မာပြည်ကြီးမှာ စစ်မှန်တဲ့ ဒီမိုကရေစီ တောက်ပလာတော့မှာပါ။

မေးခွန်းမေးသူ== မြန်မာ ပြည်သူလူထုအတွက် ဆုမွန်ကောင်း တောင်ပေးပါအုံး Dr. ဆာဆာချစ်ခင်ရပါသော ပြည်သူလူထု၊ ပြည်သူ့ သူရဲကောင်းများ၊ ပြည်သူ့ရဲဘော်များနှင့်မြန်မာပြည်သူများ (မြန်မာ)၊ ကျွန်ုပ်၏ အံ့သြဖွယ်ကောင်းသော လူများနှင့် လှပသောတိုင်းပြည်အတွက် အတတ်နိုင်ဆုံးလုပ်ဆောင်နေကြောင်း၊ ကျွန်တော် အားအားလုံးသိစေချင်သည်။

၊ ကျွန်တော်တို့သည် ဘယ်တော့မှ လက်နက်ချတော့မှာမဟုတ်ပါဘူး၊ အားလုံးရွေးချယ်မှုက ကျွတော်တို့ဘက်မှာရှိပါတယ်။ကျွန်တော်တို့၏ လူမျိုးနှင့် တိုင်းပြည်ကို ဘုရားသခင်ကောင်းချီးပေးပါစေ။မြန်မာပြည်တွင်…ဒီမိုကရေစီကလွှမ်းမိုးလိမ့်မည်။တရားမျှတမူက လွှမ်းမိုးလိမ့်မည်။အရေးတော်ပုံမုချအောင်တော့မည်။

crd

Leave a Reply

Your email address will not be published. Required fields are marked *