တွေကို ရှေ့ဆုံးကကိုင်ပြီး သွေးအေးသွားတဲ့ မိတ်ဆွေတွေအတွက် စကားလက်‌ဆောင်ပါးလိုက်တဲ့ ကိုပေါက်

News

ဆိုင်းဘုတ်တွေကို ရှေ့ဆုံးကကိုင်ပြီး သွေးအေးသွားတဲ့ မိတ်ဆွေတွေအတွက် စကားလက်‌ဆောင်ပါးလိုက်တဲ့ ကိုပေါက်
ဒါရိုက်တာ ကိုပေါက် ကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ခဲ့ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကဖြင့် မတရားအမှုဖွင့်ထားခြင်းခံရပြီး ဘေးကင်းရာကိုရှောင်တိမ်းနေခဲ့ရပါတယ်။

အခုဆိုရင်တော့ မိသားစုနဲ့ဝေးရာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတာပြီး ကျရာတာဝန်ကို ကြိုးစားထမ်းဆောင်နေတာလဲ ဖြစ်ပါတယ်။အရင်က ကျနော်ချစ်တဲ့ အနုပညာအတွက် ဘယ်သူ့ ဝတ္ထု ဘယ်သူ့ ဇာတ်လမ်း ဘယ် မင်းသား ဘယ် မင်းသမီး ဘယ် ထုတ်လုပ်ရေး အစရှ်ိသော ရွေးချယ်စရာများတဲ့ လမ်းများပေါ်မှာ ကျနော် ရုပ်ရှင်ရိုက်ခဲ့တယ်။အရင်ကဘယ် မြေကွက်ဘယ် ခြံဘယ် တောင်စောင်းဘယ် ချောင်းဘေးဘယ် ရေတံခွန်နားဘယ် ဘုရားအနီးအစရှိသော ရွေးချယ်စရာများတဲ့ လမ်းများပေါ်မှာကျနော် စိုက်ပျိုးမွေးဖြူရေးအတွက် အနာဂတ်တွေနဲ့။

အရင်ကဘယ် ပြည်နယ်ဘယ် မြို့ဘယ် ဟိုတယ်ဘယ် တောင်တန်းဘယ် အညာဘယ် စခန်းအစရှ်ိသော မြန်မာပြည်အနှံ့နေရာပေါင်းစုံရဲ့ လမ်းများပေါ်မှာ မိသားစုနဲ့ကားမောင်းပြီး ခရီးတွေထွက်ခဲ့တယ်။ ကျနော့မှာ လမ်းတွေအများကြီးနဲ့ အိပ်မက်တွေတစ်ပုံကြီးရှိခဲ့တယ်။ ကျနော့မှာ သား၂ယောက်ရှိတယ်။ ချစ်စရာထက်မြက်တဲ့ မိန်းမရှိတယ်။ ဆွေမျိုးတွေရှိတယ်။ အပေါင်းအသင်း သူငယ်ချင်းတွေက ငယ်ပေါင်းရော ကြီးဖော်ရော အများကြီးရှိတယ်။ လုပ်ဖော်ကိုင်ဖက်တွေက မြန်မာပြည်အနှံ့မှာရှိသလို ထိုင်း ဂျပန် ကိုရီးယားနဲ့ ဩဇီမှာလည်းရှိခဲ့တယ်။ ကျနော့မှာ ချရေးဖို့ ဝတ္ထု ၊ ဇာတ်ညွှန်း၊ ကဗျာ နဲ့ အက်ဆေး တွေအများကြီး ရှိသေးတယ်။ ကျနော့မှာ ပရိသတ်ကို ရိုက်ပြဖို့ ဝတ္ထုကောင်းတွေ အများကြီး ရှိသေးတယ်။ ကျနော် လျှောက်ချင်တဲ့လမ်းများပေါ်မှာ ကျနော်လျှောက်နေရင်းလျှောက်ခဲ့ရင်း လျှောက်နေဆဲ အခိုက်အတန့်မှာ တခြားလမ်းပေါ်ကို ခုန်ကူးခဲ့တဲ့အခါ အရင်လမ်းများက ကျနော့ကို စွန့်ခွါသွားကြတယ်။

လမ်းဆိုတာ ကောက်လိုက် ဖြောင့်လိုက် နိမ့်လိုက် မြင့်လိုက်နဲ့ဆိုတော့ အနုပညာဆိုတာကြီးက ကျနော့ဘေးက ခုန်ထွက်။ သူငယ်ချင်းမိတ်ဆွေ ဆွေမျ်ိုးတစ်ချို့က အတိတ်မေ့ရောဂါ အသီးသီးရ။ ကျနော့ဘေးမှာ စွန့်ခဲ့ရတဲ့အရာတွေက ကျနော့ထက်မာနတွေကြီးသွားတော့ ကျနော်က လမ်းများပေါ်မှာ တစ်ယောက်တည်

အခု လမ်းများပေါ်မှာလျှောက်နေရင်း ကျနော့အတွက် ပြန်စရာ မြို့က ဘယ်မှာလဲ။ ကျနော့အတွက် ပြန်စရာအိမ်က ဘယ်အရပ်လဲ။ ခိုးပြန်လာရင်တောင် တုန်လှုပ်နေကြမယ့် အရပ်ကို ဘယ်လမ်းက ဘယ်လိုပြန်ရမလဲ။ အိမ်ခြေရာမဲ့ဖြစ်ခဲ့ရတဲ့ ကျနော့ဘဝကို ပုံမှန်ဖြစ်နေတဲ့ မိတ်ဆွေတို့ရဲ့ ပျော်ပွဲရွှင်ပွဲအတွက် အမြည်းလုပ်ဖို့ လက်ဆောင်ပို့လိုက်တယ်။ ချိုသောသစ်သီးကို စားပါ။ အေးမြသောရေကို သောက်ပါ။ အားရပါးရ သုံးဆောင်ပါ။

ဒီလိုပါပဲလေ ဘဝဆိုတာ ပုံသေတွက်လို့မှ မရတာ။ လမ်းဆိုတာရှိနေသ၍ ကျနော်ဆက်လျှောက်ရအုံးမယ်။ ဆက်လျှောက်နေအုံးမယ်။ ခရီးကြုံလို့ လမ်းမှာဆုံရင် ခေါ်ပါ ပြောပါ နှုတ်ဆက်ပါ။ လက်သုံးချောင်းထောင်ပြီး ပျောက်သွားခဲ့တာတွေ၊ လည်းချောင်းသွေးကြောတွေထောင်နေအောင်ကြွေးကြော်သံတွေအော်ခဲ့ပြီး ဘယ်လိုက်ရှာရမှန်း မသိတော့တာတွေ၊ ဆိုင်းဘုတ်တွေကိုရှေ့ဆုံးက ကိုင်ပြီး အခုတော့ ပုံမှန်ဖြစ်သွားကြတာတွေ အစရှိတာတွေ……တောင်တောင်အီအီတွေကို ကျနော် ကပြန်ပြောနေမှာ၊အပြစ်ဖွဲ့နေမှာ မဟုတ်လို့ရဲရဲကြီးနှုတ်ဆက်ပါ။

ကျနော်ပြုံးပြဖို့ အသင့်ပါပဲ။ နောက်ဆုံးအနေနဲ့ မိတ်ဆွေတ်ို့အားလုံး‘’ဒီတော်လှန်ရေးအတွက် နှစ်၅လုံးတုန်းကလို စိတ်မျိုး အခုမရှိတော့ရင်တောင် အခုတော်လှန်ရေးကို စွန့်ခွါ မသွားကြပါနဲ့’’လို့ တောင်းဆိုပါရစေ။ ကဲနားစရာအရိပ်မဲ့တဲ့ ဒီလမ်းကို ကျနော် ဆက်လျှောက်လိုက်အုံးမယ်” လို့ရေးသားထားပါတယ်။စာဖတ်ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ ဆိုင်းဘုတ်တွေကို ရှေ့ဆုံးကကိုင်ပြီး သွေးအေးသွားတဲ့ မိတ်ဆွေတွေအတွက် စကားလက်‌ဆောင်ပါးလိုက်တာပဲ ဖြစ်ပါတယ်Crd

Leave a Reply

Your email address will not be published.