အကြ-မ်းဖ-က်စ-စ်ကောင်စီက ဘက်ပေါင်းစုံပိ-တ်မိနေတဲ့အတွက် ထွက်ပေါက်တွေ ရှာဖွေနေပြီလို့ ဦးမင်းကိုနိုင်ပြောကြား

News

အကြ-မ်းဖ-က်စ-စ်ကောင်စီက ဘက်ပေါင်းစုံပိ-တ်မိနေတဲ့အတွက် ထွက်ပေါက်တွေ ရှာဖွေနေပြီလို့ ဦးမင်းကိုနိုင်ပြောကြား

အကြမ်းဖက်စစ်ကောင်စီက လက်ရှိအခြေအနေမှာ ဘက်ပေါင်းစုံပိတ်မိနေတဲ့အတွက် ထွက်ပေါက်တွေရှာဖွေနေပြီလို့ နွေဦးတော်လှန်ရေး ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။

‘ဘက်ပေါင်းစုံပိတ်မိသွားတော့ ထွက်ပေါက်ရှာပါတယ် နိုင်ငံရေးအ င်အားစုတွေဘက် မျက်စပစ်။ ပီဒီအက်ဖ်ကို လက်နက်အပ်နှံကြိုဆိုရန်

ကမ်းတော့တာ။ အဲဒါကြောင့်ပြောတယ်၊ အရင်ကတည်းကအမှတ်နဲ့ ကစားတုန်းကနိုင်ပြီး သားပါဆိုတာကိုသူကခုအမှတ်နဲ့ပြန်ကစားဖို့ စကားစလုပ်ပြတာ။

ဘယ့်နှယ် အလဲထိုးနေတာ အလဲထိုးနေတာ။ ဆက် တိုက်ထိုးပြရမှာ သူ့တိုကတော့ မကြာခင် သူနဲ့တွေ့ဆွေးနွေးမည့်နိုင်ငံရေးအင်အားစုတွေပါဆိုကာ တဖွဲ့ပြီးတဖွဲ့အလံရှုး တွေပွဲထုတ်ဖို့ကြံဦးမှာ။’ လို့ ဦးမင်းကိုနိုင်က ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့က ရှေ့တန်းစစ်မျက်နှာပြင်မှာ တိုက်ပွဲဝင် နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကို လှည့်လည်ခဲ့ကြ

သလို ကာကွယ်ရေးဝန်ကြီးကလည်း နိုင်ငံတကာကို လက် နက်ထောက်ပံ့ဖို့အတွက် တရားဝင်တောင်းဆိုမှုတွေပြုလုပ်လိုက်တာက အကြမ်းဖက်စစ်တပ်ကို ကျရှုံးစေတယ်လို့ ဆို ထားပါတယ်။

ဒီလိုဖြစ်ရပ်တွေကြောင့် အကြမ်းဖက်စစ်တပ်က မယှဉ်နိုင်တဲ့အနေအထားမှာ ရွာတွေကိုဝင် အိမ်တွေကို မီးရှို့၊ ဝမ်းစပါး တွေကို မီးရှို့အစရှိတဲ့ ဖျ က်ဆီးမှုတွေကို လုပ်ဆောင်ခဲ့ကြတယ်လို့ ဦးမင်းကိုနိုင်က ရေးထားတာပါ။

‘ဆိုင်ကယ်သော့ မပေးမှုနဲ့ ရွာသားတွေကို ထပြေးခိုင်းပြီး နောက်ကနေသေနတ်တွေနဲ့စိမ်ပြေနပြေပစ်တယ်။ တကယ့် ကမ္ဘာကျော်Killing Field ဖြစ်ရပ်မှန်ဇာတ်ကားကိုသတိရစရာပဲ၊ ဘာကြောင့်ကမ္ဘာ့မှတ်တမ်းဝင်ရိုင်းစိုင်းကြမ်း ကြုတ်မှု ကိုကျူးလွန်

သလဲ။ ကြောက်စေချင်လို့ပေါ့ အကြောက်တရားနဲ့အညံ့ခံအောင်ပေါ့။ ပြည်သူ့မေတ္ထာ မရတဲ့လူတွေဟာ အကြောက်တရားတခုထဲပဲစဉ်းစားတတ်တော့တယ်။ ကိုယ်တိုင်က

ကြောက်ဖို့ပဲသိသလို သူတပါးကိုလည်းကြောက်စေ ချင်တာပဲသိတယ်။ဉာဏ်ပညာ မသိဘူး ချစ်ခြင်းမေတ္တာ တန်ဖိုးကိုလက်မခံဘူး’ လို့ ဦးမင်းကိုနိုင်က ရေးထားတာပါ။

လက်ရှိအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ ကျောင်းသားတွေအပြည့် တက်ရောက်နေတာ၊ မုံရွာမှာ လမ်းမကြီးတွေပေါ် ပြည်သူ

တွေက အောင်ပွဲခံ ဆန္ဒပြပွဲတွေလုပ်နေတာအထိဖြစ်လာတယ် လို့ ဆိုထားသလို အကြမ်းဖက်စစ်ကောင်စီတပ်ထဲမှာလည်း အချင်းချင်းတန်းစီပြီး ပြစ်သတ်တာတွေ၊ ကြီးနိုင်ငယ်ညှင်း အနိုင်ကျင့်တာတွေဖြစ်နေပြီလို့ ရေးထားတာတွေ့ရပါတယ်။

Crd

Leave a Reply

Your email address will not be published.